close

ကျောက်မျက်တွင်းဟောင်း

close

October 7, 2022

မိုးကုတ် ကျောက်မျက်တွင်းဟောင်းတခုတွင် အမျိုးသား ၁ ဦး အောက်ဆီဂျင်ပြတ် သေဆုံး

မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်း၊ ရှောလီဝိုင်းအုပ်စု၊ ရွှေတိုင်ရပ်ကွက်က ကျောက်မျက်တွင်း ဟောင်းထဲမှာ အောက်တိုဘာ ၅ ရက် ညနေ ၅ နာရီလောက်က အမျိုးသားတယောက် အောက်ဆီဂျင်ပြတ် သေဆုံးခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

အကျယ် ၆ ပေရှိပြီး အနက် ပေ ၁၈၀ လောက်ရှိတဲ့ တွင်းထဲမှာ ကျောက်မျက်တွင်း လုပ်ကိုင်နေစဉ် အောက်ဆီဂျင်ပြတ် သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒေသခံ တဦးက “သူတို့တွင်းက တစောင်းကြီး။ အောက်ဘက်မှာ ကျောက်လုပ်နေရင်းနဲ့ လေပြတ် သေတာ။ အရင်က အပေါ်မှာ စက်ကြည့်ဖို့ လူ တယောက်ရှိတယ်။ ခု သူမရှိတဲ့အချိန် လေပြတ်ပြီး သေတာ။ ကယ်ဆယ်ရေးတွေလာတော့ စစ်သားတွေလည်းပါတာနဲ့ ကြောက်ပြီး အကုန်ပြေး ကြတာ။”

ကျောက်မျက်တွင်းထဲ အောက်ဆီဂျင်ပြတ် သေဆုံးသွားသူကို ကယ်ဆယ်ရေးအဖွဲ့တွေက မိုးကုတ်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

2 mins Ago

December 3, 2020

မိုးကုတ် ကျောက်မျက်တွင်းဟောင်းတွင် အောက်စီဂျင်ပြတ်ပြီး လူ ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ သဖန်းပင်ရပ်ကွက်က ကျောက်မျက်လုပ်ကွက်ဟောင်း တွင်းတစ်ခုထဲမှာ ဒီဇင်ဘာ ၂ ရက်နေ့က လူတစ်ဦး အောက်စီဂျင်ပြတ်ပြီး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ပြောပါတယ်။ ကျောက်မျက်တူးဖော်တဲ့ တွင်းဟောင်းတစ်ခုမှာ အခင်းဖြစ်ပွားကြောင်း  နေ့လယ် ၂ နာရီလောက်မှာ သတင်းရတာဖြစ်ပြီး  ကယ်ဆယ်ရေးတွေရောက်ရှိတဲ့အချိန်မှာ ဒေသခံတွေက ကယ်ဆယ်ထားပြီးဖြစ်ကာ  သေဆုံးနေပြီဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ မြတ်စေတနာအဖွဲ့နဲ့ ဒေသခံတွေ ပူးပေါင်း တွင်းထဲကနေ ကယ်ဆယ်ဆောင်ရွက်ခဲ့တာလို့  သိရပါတယ်။ သေဆုံးသွားသူရဲ့ အလောင်းကို  မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထား ပါတယ်။ သတင်း - ဟန်နာထက်အောင်၊ ဓာတ်ပုံ - မြတ်စေတနာ လူမှုကူညီရေးအသင်း
2 years Ago
Up