close

ကျောက်လုပ်ကွက်

close

November 16, 2022

မီဇိုရမ်တွင် ကျောက်လုပ်ကွက် မြေပြိုကျသဖြင့် ၈ ဦးသေဆုံး (ရုပ်သံ)

မြန်မာနယ်စပ်နဲ့ကပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ထင်ခရိုင်၊ မိုဒါရာကျေးရွာ အနီးက ကျောက်ထုတ်လုပ်ရေးလုပ်ကွက်တခုမှာ နိုဝင်ဘာလ ၁၄ ရက် ညနေပိုင်းက မြေပြိုကျပြီး သေဆုံးသူ ၈ ဦးထိရှိကာ ၄ ဦးက ပျောက်ဆုံးနေဆဲလို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အဲဒီလုပ်ကွက်ဟာ ABCI Infrastructure ကုမ္ပဏီရဲ့ ကျောက်ထုတ်လုပ်နေတဲ့ လုပ်ကွက်တစ်ခုဖြစ်ပြီး မြေပြိုကျမှုဖြစ်ပွားခဲ့လို့ လုပ်သား ၁၂ ဦးနဲ့ စက်ကိရိယာတွေ မြေအောက်ပိမိခဲ့ပြီး အခုလို သေဆုံးခဲ့ကြတာလည်း ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၅ ရက် အထိ အလောင်း ၈ လောင်းပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး ၄ လောင်းကတော့ ပျောက်ဆုံးနေဆဲဖြစ်ကာ တာဝန်ရှိသူတွေက ကယ်ဆယ်ရေးတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ Mizo Special Report  သတင်းမှာဖော်ပြပါတယ်။

သေဆုံးခဲ့တဲ့သူတွေဟာ အဲဒီလုပ်ကွက်မှာ နေ့စား အလုပ်လုပ်ကိုင်သူတွေဖြစ်ပြီး အာသံပြည်နယ်ဘက်က အိန္ဒိယ နိုင်ငံသားတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

46 seconds Ago

September 19, 2021

မိုးကုတ်မြို့ ကျောက်လုပ်ကွက်တခုတွင် မြေပြို၊ တွင်းလုပ်သား ၂ ဦး သေဆုံး

မန္တလေးတိုင်း မိုးကုတ်မြို့ ဘော်မားကျေးရွာက ကျောက်ကွက်လုပ်ကွက်တခုမှာ စက်တင်ဘာ ၁၈ ရက်နေ့က မြေပြိုတာကြောင့် တွင်းလုပ်နေသား ၂ ဦး မြေပိသေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

"သတင်းရတာတော့ ၃ နာရီလောက်သတင်းရတယ်။ သူတို့က အောက်မှာ တွင်းလုပ်နေတာ၊ တောင်တွန်းတော့ မြေက သူတို့အပေါ်ပိတာ၊ နှစ်ယောက်သေဆုံးတယ်။"

ဖြစ်စဥ်နေရာကို ရောက်ဖို့ထိ အချိန် ၂ နာရီကြာခဲ့ပြီး ခက်ခက်ခဲခဲနဲ့ တူးဖော်ခဲ့ရတယ်လို့ ဆိုပါတယ်။

အသက် ၁၇ နှစ်နဲ့ အသက် ၂၆ ဝန်းကျင် လူငယ်နှစ်ဦး မြေပိသေဆုံးခဲ့တာဖြစ်ပြီး dead body ကို ကျပ်ပြင်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

1 year Ago
Up