close

ကျောင်းကုန်းပြောက်ကျားတပ်ဖွဲ့

close

November 5, 2021

Mytel တာဝါကို ကျောင်းကုန်းပြောက်ကျားတပ်ဖွဲ့ ဖောက်ခွဲ

ကျောင်းကုန်းမြို့နယ် ဒိုးတန်းကျေးရွာက Mytel ဆက်သွယ်ရေး System ပုံးကို ကျောင်းကုန်းပြောက်ကျားတပ်ဖွဲ့ နို၀င်ဘာ ၅ ရက်​နေ မနက် ၅ နာရီ​ကျော်လောက်က ဖောက်ခွဲခဲ့​ တယ်လို့ သိရပါတယ်။

မိုင်းခွဲဖျက်ဆီးခံရတဲ့ တာဝါတိုင်ကတော့ အောက်ခြေစက်ပုံးအားလုံးနဲ့ ဆိုလာပြားတွေအားလုံးပျက်စီးသွား တယ်လို့ ဆိုပါတယ်။

ကျောင်းကုန်းမြို့မှာ Mytel တာဝါတိုင် တိုက်ခိုက်ခံရပြီး စစ်တပ်နဲ့ရဲတွေ  အရပ်ဝတ်တွေနဲ့ လက်နက်ကိုင်ဆောင်ကာ ကင်းလှည့်စစ်ဆေးနေတယ်လို့  ​ကျောင်းကုန်မြို့ခံတွေက ​ပြောပါတယ်။

"​ကျောင်းကုန်းမှာ Mytel  တာဝါတိုင် တိုက်ခိုက်တာ​တွေ ၃ ကြိမ်​ရှိပြီး၊ ရွာ​တွေမှာ ​ဖြစ်တာ" လို့ ​ဒေသခံတစ်ဦးက ​ပြောပါတယ်။

ဧရာဝတီတိုင်းမှာ စစ်ဆေးရေးတွေ အထူးတင်းကြပ်နေချိန်ဖြစ်ပြီး မတရားအဓမ္မဖမ်းဆီးတာ တွေလည်း ရှိနေချိန် အခုလို ဖောက်ခွဲ ဖျက်ဆီးလိုက်တာလို့ ​ကျောင်းကုန်း​ပြောက်ကျားအဖွဲ့က ဆိုပါတယ်။

​ကျောင်းကုန်းမြို့မှာ စစ်တပ်ပိုင် Mytel တာဝါတိုင်တွေကို ​အောက်တိုဘာလမှာ ၂ ကြိမ်နဲ့ နို၀င်ဘာလမှာ တစ်ကြိမ် စုစု​ပေါင်း ၃ ကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ စစ်အုပ်စုပိုင် Mytel တာဝါတိုင်တွေ ဖျက်ဆီးခံရတာ အကြိမ် ၂၀ ကျော်ထိ ရှိလာပြီလို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ မှတ်တမ်းများအရ သိရပါတယ်။

ဧရာ၀တီတိုင်း​မှာ တာဝါတိုင်၊ တိုက်တာ​တွေ၊ ရုံး​တွေ ဗုံး​ပေါက်ခွဲတာတို့ ၊ဒလန်ရှင်းလင်းတာတို့ကို တိုးမြင့်လုပ်​ဆောင်လာ​တယ်လို့လည်း ဆိုပါတယ်။

1 min Ago
Up