close

ကျောင်းကုန်းမြို့

close

May 11, 2022

ကျောင်းကုန်းမြို့တွင် မြို့နယ်ရဲမှူးလုံခြုံရေးအတွက် ပျူစောထီးများကို ကင်းချထား

ဧရာ၀တီတိုင်း၊ ကျောင်းကုန်းမြို့မှာ မြို့နယ်ရဲတပ်ဖွဲ့မှူးဟာ လိုင်းပေါ်ကနေ ခြိမ်းခြောက်ခံရပြီးနောက်ပိုင်း ပျူစောထီးအဖွဲ့ဝင်တွေကို ကင်းစောင့်ခိုင်းထားတယ်လို့ သိရပါတယ်။

ပျူစောထီးအဖွဲ့ဝင်တွေကို တနေ့ ကျပ် ၁၀,၀၀၀ ပေးကာ မြို့နယ်ရဲမှူး လုံခြုံရေးအတွက် အရပ်ဝတ်တွေနဲ့  ညပိုင်းမှာ လုံခြုံရေး စောင့်ခိုင်းထားတာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“အရပ်ဝတ်နဲ့ အဖွဲ့လိုက်ထားတာ တနေ့ တသောင်းပေးငှားတယ် ကြားတယ်၊ ၅ ယောက်လောက်ရှိမယ်။ သူတို့က ညလုံးပေါက်စောင့်ရတာ၊ နေ့ပိုင်း ရဲက အရပ်ဝတ်နဲ့ စောင့်တယ်၊ သူတို့က ညပိုင်းစောင့်တယ် အဲဒီလိုမျိုး” လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

မြို့နယ်ရဲတပ်ဖွဲ့မှူးလုံခြုံရေးအတွက် နေ့ခင်းပိုင်းမှာ နယ်ထိန်းရဲတပ်ဖွဲ့ဝင်တွေကို အရပ်ဝတ်နဲ့ လုံခြုံရေး စောင့်ခိုင်းသလို ညပိုင်းကနေ မနက်အထိ ပျူစောထီးအဖွဲ့ဝင်တွေကို ပိုက်ဆံပေးကာ လုံခြုံရေးစောင့်ခိုင်းထားတာလို့ ဆိုပါတယ်။

ဒါ့ပြင် ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်သားတွေထဲက လူလတ်ပိုင်းတွေကို လှည့်ကင်းအတွက် အသုံးပြုပြီး အသက်ကြီးတဲ့သူတွေကို ကျောင်းကုန်းထိပ်မှာ ကင်းစောင့်ခိုင်းတဲ့အပြင် တချို့နေရာတွေက အထိုင်ဂိတ်တွေမှာတော့ စစ်မှုထမ်းဟောင်းတွေကို ပြန်ခေါ်ခိုင်းထားတယ်လို့ သိရပါတယ်။

25 mins Ago

April 22, 2022

ကျောင်းကုန်းမြို့နယ်၌ ရွာသား ၁ ဦးက အရက်ဝယ်မပေးသည့် ဇနီးကို ခေါင်းဖြတ်သတ်

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာ  ဧပြီ ၁၇ ရက်က အမျိုးသားတဦးဟာ  ဇနီးဖြစ်သူကို  သတ်ပြီး အလောင်းဖျောက်မှုဖြစ်ပွားခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။ 

ဝက်ချောင်းကျေးရွာအုပ်စုအတွင်းက ထမင်းဆုပ်ကုန်ကျေးရွာသား ဦးခင်ဇော်ဟာ  နေအိမ်မှာ တခြားအမျိုးသား ၁ ဦးနဲ့အရက်ထိုင်သောက်နေစဉ် ဇနီးဖြစ်သူကို အရက်ဝယ်ခိုင်းရာမှာ ဝယ်မပေးလို့ဆိုပြီး ခေါင်းဖြတ်သတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက“မိန်းမနဲ့အတူတူထိုင်သောက်နေတာ မိန်းမကို အရက်ဝယ်ခိုင်းတော့ မဝယ်ပေးဘူးပြောတော့ စကားစများတယ်။ အဲ့မှာ ဦးခင်ဇော်က သူ့မိန်းမကို ခေါင်းပြတ်အောင် ခုတ်လိုက်တာ။ ပြီးတော့ အလောင်းကို ရေတွင်းထဲ ပစ်ချထားတာ”လို့ ပြောပါတယ်။ 

ရေတွင်းပျက်ထဲ ပစ်ချထားတဲ့ အလောင်းကို ဧပြီ ၂၀ ရက်မှ  အပုပ်နံ့ ထွက်လာလို့ ရှာဖွေချိန်မှာ ဒေသခံတွေက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

လူသတ်အလောင်းဖျောက်ခဲ့တဲ့ ဦးခင်ဇော်နဲ့ နောက်ထပ်အမျိုးသားတယောက်ကို ကျောင်းကုန်းမြို့မရဲစခန်းမှာ ဖမ်းဆီး စစ်ဆေးနေပါတယ်။

3 weeks Ago
Up