ကမ္ဘောဒီးယားနိုင်ငံ မဲခေါင်မြစ်ထဲမှာ ကျောင်းကနေ အိမ်ကိုပြန်ကြိုလာတဲ့ ဝန်ပိုတင် ဖယ်ရီကူးတို့ လှေ နစ်မြုပ်ခဲ့တာကြောင့် အနည်းဆုံး ကလေး ၁၁ ဦး သေဆုံးခဲ့တယ်လို့ ခရိုင်ရဲအရာရှိ Am Thou က အောက်တိုဘာ ၁၅ ရက်မှာ ပြောပါတယ်။
အစောပိုင်းက ကလေး ၁၄ ယောက် သေဆုံးတယ်လို့ ခန့်မှန်းထုတ်ပြန်ထားတာပါ။
မြို့တော်ဖနွမ်းပင်ရဲ့ အရှေ့တောင်ဘက် ၅၃ ကီလိုမီတာ (၃၃ မိုင်) အကွာ Kandal ပြည်နယ်မှာ အောက်တိုဘာ ၁၃ ရက်က ဒီဖြစ်ရပ်ဆိုး ကြုံရအပြီးမှာ ကယ်ဆယ်ရေးအဖွဲ့တွေက ကျောင်းသား တွေကို ရှာဖွေနေခဲ့ကြောင်း ပြည်နယ်ရဲချုပ် ချွန်ဆိုချက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၁၁ နှစ်မှ ၁၄ နှစ်ကြား ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအမှုဟာ လှေပိုင်ရှင်က သင်္ဘောကို ဝန်ပိုတင်ဆောင်တာကြောင့် ဖြစ်ပြီး၊ ပေါ့လျော့မှု နဲ့ အကာအကွယ် အတွက် အသက်ကယ်အင်္ကျီတွေလည်း မရှိဘူးလို့ ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။
ဝန်ကြီးချုပ် ဟွန်ဆန်က လူမှုကွန်ရက်မှာ ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး သေဆုံးသူတွေရဲ့ မိသားစု တွေကို ကူညီပေးဖို့ အာဏာပိုင်တွေကို ညွှန်ကြားထားပါတယ်။