close

ကျောင်းမတက်ရေး

close

May 16, 2021

ပေါင်မြို့နယ်တွင် ကျောင်းမတက်ရေး ဆန္ဒပြ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်က ပြည်သူတွေဟာ မေလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ကျောင်းမတက်ကြဖို့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သူတွေက အကြမ်းဖက် စစ်ကောင်စီက ဖွင့်လှစ်သင်ကြားပေးမယ့် ပညာရေးစနစ်ကို ရှုတ်ချခဲ့ပြီး မိဘပြည်သူတွေအနေနဲ့ သားသမီးကို ကျောင်းမအပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဟာ ဇွန်လမှာ ကျောင်းတွေ ပြန်ဖွင့်သွားဖို့ ပြင်ဆင်နေတာပါ။

အကြမ်းဖက် စစ်ကောင်စီဟာ ပေါင်မြို့နယ်က ကျောင်းဆရာ၊ ဆရာမ ၄၄၁ ဦးကို တာဝန်ကနေ ယာယီရပ်ဆိုင်းထားပါတယ်။

4 mins Ago
Up