close

ကျောင်းမအပ်သည့်နေအိမ်

close

June 11, 2021

မြောင်းမြမြို့နယ်၌ ကျောင်းမအပ်သည့်နေအိမ်များကို ခြိမ်းခြောက် စာရင်းကောက်နေ

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာမှာ  ကျောင်းအပ်ခြင်းမရှိတဲ့ ကလေးတွေရဲ့ မိသားစုတွေကို  အုပ်ချုပ်ရေးမှူး ဦးကျော်ပိုင်စိုးက လိုက်လံစာရင်းကောက်ယူနေပါတယ်။

ရွာအုပ်ချုပ်ရေးမှူးက ကျောင်းသားရှိတဲ့ အိမ်တွေကို ကျောင်းမအပ်ရင် ငါးနှစ်နားရမယ်ဆိုပြီး ခြိမ်းခြောက်ပြီး စာရင်းလိုက်ကောက်နေတာလို့   ဒေသခံရွာသားတွေက ပြောပါတယ်။

“အမည်တွေ အလုပ်အကိုင်တွေအစသေချာမေးတယ်။ အထက်ကမေးခိုင်းလို့မေးတာဆိုပြီး ပြောတယ်။ ဘာကြောင့် ကျောင်းမအပ်တာလဲလို့မေးတယ် ကျောင်းမအပ်ရင် ကျောင်းငါးနှစ်နား ရမယ်လို့ ပြောတယ်”လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

ကလေးတွေကို ကျောင်းမအပ်တဲ့ ရွာသားတစ်ဦးကလည်း “အခုလို နိုင်ငံရေးမတည်ငြိမ်ချိန်မှာ ကိုဗစ်ကလည်း  ဘာမှန်းမသိချိန်မှ ကလေးတွေကို ကျောင်းမထားနိုင်ဘူး၊ ဒလန်ကျောင်း ပြည်ခိုင်ဖြိုးရွာ ပြည်ခိုင်ဖြိုးကျောင်းလို့ပြောလို့ရတာအဲ့ဒါမို့ မအပ်ရဲဘူးလေ”လို့ ပြောပါတယ်။

မြန်မာနိုင်ငံတဝန်း အခြေခံပညာစာသင်ကျောင်းတွေကို အကြမ်းဖက်စစ်အုပ်စုက ဇွန်လ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပေမဲ့ သိန်းနဲ့ချီတဲ့ ကျောင်းဆရာဆရာမတွေက အာဏာဖီဆန် CDM လုပ်နေကြသလို ကျောင်းသူကျောင်းသား အများစုကလည်း ကျောင်းမတက်ကြပါဘူး။  

2 mins Ago
Up