close

ကျောင်းသားစာရင်း

close

May 31, 2021

ကြားကာလ ပညာသင်ကြားရေး အစီအစဉ်အတွက် မော်လမြိုင်တက္ကသိုလ် ကျောင်းသားစာရင်း စတင်ကောက်ခံ

ကြားကာလ ပညာသင်ကြားရေး အစီအစဉ်မှာ တက်ရောက်သင်ကြားလိုတဲ့ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ‌စာရင်းကို မော်လမြိုင်တက္ကသိုလ် ကြားကာလ ယာယီ အုပ်ချုပ်ရေးကောင်စီက မေလ ၃၀ ရက်နေ့မှာ စတင် ကောက်ခံနေပါတယ်။

ဒီကြားကာလ ပညာသင်ကြားရေး အစီအစဉ်ဟာ  ကျောင်းသား၊ ကျောင်းသူ‌တွေ ပညာသင်ကြားခွင့်မဆုံးရှုံးမရအောင် အွန်လိုင်းကနေ စာသင်သွားမယ့် အစီအစဉ် ဖြစ်ပါတယ်။

မော်လမြိုင်တက္ကသိုလ်မှာ ကြားကာလ ပညာသင်ကြားရေး အစီအစဉ်အတွက် မဟာတန်း၊ ဂုဏ်ထူးတန်း၊ နောက်နှစ်ဆုံးတွေကို စတင်သင်ကြာပေးသွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

အဲလို သင်ကြားပေးရာမှာ အင်တာနက် အခက်အခဲ ရှိသူတွေကို face to face သင်ကြားပေးနိုင်တဲ့အထိ စီစဉ်နေတယ်လို့ CDM တက္ကသိုလ် ဆရာမ တစ်ဦးက  ဒီဗွီဘီကို ပြောတယ်။

ဒါကြောင့် ကြားကာလ ပညာသင်ကြားရေး အစီအစဉ်မှာ တက်ရောက်လိုတဲ့  တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ‌ေတွအနေနဲ့ မိမိတို့ရဲ့  အမည်စာရင်းကို မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂနဲ့  မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ  လျှောက်လွှာဝင်ရောက် ဖြည့်သွင်းနိုင်ကြပါတယ်။

မော်လမြိုင်တက္ကသိုလ် ကြားကာလ ယာယီ အုပ်ချုပ်ရေးကောင်စီကိုတော့ ဆရာများသမဂ္ဂ ကိုယ်စားလှယ်တွေ၊  တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကိုယ်စားလှယ်တွေအပြင် ဘာသာရပ်အလိုက် ဆရာကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် မော်လမြိုင်တက္ကသိုလ်မှာ အမြင့်ဆုံး ဆုံးဖြတ်စီမံနိုင်တဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

4 mins Ago
Up