close

ကျောင်းသားအချို့

close

February 11, 2022

မြောက်ဒဂုံတွင် ကျောင်းသားအချို့ ကိုဗစ်ကူးစက်ခံရ၊ ကျောင်းမပိတ်သဖြင့် ဒေသခံများစိုးရိမ်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းက  အထက်တန်းကျောင်းတချို့မှာ ကျောင်းသား အချို့  ကိုဗစ်ပိုးတွေ့ပေမယ့် ကျောင်းမပိတ်ဘဲ ဆက်ဖွင့်လှစ်နေတာကြောင့် ဒေသတွင်းကူးစက်မှု ပြန်လည်များပြားလာမှာ စိုးရိမ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြောက်ဒဂုံက အထက -၁ မှာ ကျောင်းသား ၂ ယောက် ကူးစက်ခံနေရသလို အထက- ၃ မှာလည်း ကိုဗစ်ပိုးတွေ့ ကျောင်းသားတွေ ရှိပေမယ့် ကျောင်းတွ် မပိတ်သေးတာကြောင့် ရပ်ကွက်ထဲ ကူးစက်မှုတွေ ပြန်ဖြစ်လာမှာတော့ စိုးရိမ်နေကြတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“မြို့ထဲ ကိုဗစ်ကူးစက်မှုတွေ ဘယ်လောက်ထိ များလာမယ်တော့မသိဘူး။ ခုဆို ဆေးခန်းတွေမှာ တော့ ဖျားနာ လူနာတွေ ပြန်များလာနေတယ်။” 

အရှေ့ဒဂုံ အထက ၂ ကျောင်းမှာတော့ ကိုဗစ်ပိုးတွေ့တာကြောင့် ကျောင်းတစ်ပတ်ပိတ်ထား တယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ပိုးကူးစက်မှုများပြားလာနေတာကြောင့် လူစုလူဝေးရှောင်ဖို့၊ mask တပ်ဖို့၊ တိုင်းနဲ့ပြည်နယ်အချို့မှာ လှုံ့ဆော်မှုတွေ ပြန်လည်လုပ်ဆောင်နေပေမယ့် ဖေဖော်ဝါရီ ၁၀ ရက် ည ၈ နာရီထိ ကိုဗစ် စစ်ဆေးတွေ့ရှိမှုက  တစ်ရက်တည်း  တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကိုဗစ်လူနာ ၁၃၀၇ ဦးထိ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

1 min Ago
Up