close

ကျောင်းသား ကျောင်းသူများ

close

October 9, 2021

မွန်ပြည်နယ်တွင် ကျောင်းသူ၊ ကျောင်းသား ၇၆,၀၀၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည်

ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့အတွက် မွန်ပြည်နယ်အတွင်းက ကျောင်းသား၊ ကျောင်းသူ ၇၆,၀၀၀ ကျော်ကို ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးပေးသွားမယ်လို့ စစ်ကောင်စီရဲ့ ပြည်နယ် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးကို အသက် ၁၂ နှစ်အထက် အခြေခံပညာအထက်တန်းနဲ့ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူတွေအတွက်  လာမယ့် အောက်တိုဘာ ဒုတိယအပတ်မှာ စတင်ထိုးပေးသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

အသက် ၁၂ နှစ်အထက် ကျောင်းသူ၊ ကျောင်းသားတွေကို မြို့နယ် ၁၀ မြို့နယ်ရဲ့ စုရပ်နေရာ ၁၄၀ ကျော်မှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမှာ ဖြစ်တယ်လို့ မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေး ထိုးပေးရာမှာတော့ အစိုးရစာသင်ကျောင်း၊ ပုဂ္ဂလိကစာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းက အသက် ၁၂ နှစ်အထက် ကျောင်းသူ၊ ကျောင်းသား အားလုံး ပါဝင်တယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်တဝန်းမှာတော့ စာသင်ကျောင်းပေါင်း ၁၅၀၀ ကျော် ရှိနေတာ ဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသား ဦးရေ ၄ သိန်း ကျော်ရှိနေတာပါ။ အဲဒီထဲမှာ အထက်တန်းတန်းနဲ့ အလယ်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသား ၁ သိန်းကျော် ရှိနေပါတယ်။

3 mins Ago

March 27, 2020

ဆေးတက္ကသိုလ် (၁) ကျောင်းသား ကျောင်းသူများ စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေး (ဓာတ်ပုံ)

ဆေးတက္ကသိုလ် (၁) က ကျောင်းသား ကျောင်းသူတွေဟာ မြဝတီမြို့မှ ရန်ကုန်မြို့ကို ပြန်လည်ဝင်ရောက်ရှိလာတဲ့ ခရီးသည်တွေကို COVID-19 ကူးစက်ရောဂါ ကျန်းမာရေး စစ်ဆေးပေးတဲ့ လုပ်ငန်းစဉ်တွေမှာ မတ် ၂၆ ရက်နေ့ ညပိုင်းက စေတနာ့ဝန်ထမ်းဖြစ် လုပ်အားပေး ဆောင်ရွက်ခဲ့ကြပါတယ်။ Photo - Ye Myo Khant / MPA
2 years Ago
Up