close

ကျောင်းသား/သူ

close

October 17, 2021

ရခိုင်ပြည်နယ်က ၁၂ နှစ်အထက် ကျောင်းသား/သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေး

ရခိုင်ပြည်နယ်ရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား/ ကျောင်းသူတွေကို စစ်ကောင်စီက ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးအား အောက်တိုဘာ ၁၇ ရက် မနက် ၉ နာရီက စတင် ထိုးနှံပေးခဲ့ပါတယ်။

စစ်ကောင်စီက ရခိုင်ပြည်နယ်ရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား/သူ နှစ်သိန်းလောက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

Sinovac အမျိုးအစား ကိုဗစ်ကာကွယ်ဆေးအား အစိုးရစာသင်ကျောင်း၊ ပုဂ္ဂလိကစာသင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေက ကျောင်းသူ/ကျောင်းသားတွေအား  ထိုးပေးနေတာပါ။

ရခိုင်ပြည်နယ်ရှိ ၁၆ မြို့နယ်ကို ဒီနေ့မနက် စတင်ကာ တစ်ပြိုင်တည်းထိုးပေးနေတာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ မာန်အောင်မြို့နယ်ကိုလည်း ကာကွယ်ဆေး ကြိုးစားပို့ပေးနေတယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

ဓာတ်ပုံ - MPA

12 hours Ago

August 26, 2020

ပေါက်တောမြို့က ကိုဗစ်-၁၉ လူနာသစ် ၁၂ ဦးအနက် ကျောင်းသား/သူ ၇ ဦးပါဝင်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့က   ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ်  ၁၂ ဦးထဲမှာ  စစ်တွေမှာ ကျောင်းသွားတဲ့ ကျောင်းသူ ၄ ဦး၊  ကျောင်းသား ၃ ဦး ပါဝင်နေတယ်လို့  ပေါက်တောဒေသခံတွေထံက သိရပါတယ်။ ပေါက်တောမြို့မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၂ ဦးထဲမှာ အသက် ၇ နှစ်အရွယ်ကလေး ၁ ဦး၊ အသက် ၁၅ နှစ်မှ ၁၆ နှစ်အထိ ကျောင်းသူ/ကျောင်းသား ၇ ဦး၊ အသက် ၃၃ နှစ် ကျား ၁ ဦး၊ အသက် ၃၉ နှစ်အရွယ် ကျား ၁ ဦး၊ ၄၄ နှစ်အရွယ်အမျိုးသမီး ၁ ဦးနဲ့  ၅၃ နှစ်အရွယ် ကျား ၁ ဦးပါဝင်ကြောင်းသိရှိပါတယ်။ ပေါက်တောဒေသခံ ကိုမျိုးကျော်က "စစ်တွေမှာ ကျောင်းတက်နေကြတဲ့ ကျောင်းသူ ကျောင်းသားလေး ၇ ဦးပါတယ်။ ဒီကျောင်းသူ ကျောင်းသားထဲမှာ စစ်တွေမြို့ ကိုယ်ပိုင်စာသင်ကျောင်းမှာ တက်ရောက်ခဲ့တာတွေ ပါသလို နောက် ဘော်ဒါဆောင်တွေမှာ ကျောင်းတက်ခဲ့တာတွေလည်း ပါတယ်။ နောက်ပြီးအဲဒီကလေးတွေနဲ့ ထိတွေ့ ခဲ့တဲ့ မိဘတွေ၊ မိသားစုတွေပါတယ်။ အားလုံးက စစ်တွေက ပြန်လာသူတွေဖြစ်တယ်။" လို့ ပြောပါတယ်။ ပေါက်တောမြို့နယ်က ဆရာဝန် ဒေါက်တာ ကိုကိုအောင်ကတော့ "စစ်တွေက ပြန်လာသူနဲ့ လေယာဉ်နဲ့ လာတဲ့ Contact တွေအားလုံး ၅၀ ကျော်ရဲ့ နှာခေါင်းနဲ့အာခေါင်တို့ဖတ်တွေကို စစ်တဲ့အထဲမှာ မနေ့က ၁၂ ဦး ပိုးတွေ့တာ ဖြစ်တယ်။ ဒီအထဲမှာ လူလတ်ပိုင်းကလေးတွေလည်း ပါတယ်။ အကုန်လုံးကတော့ စစ်တွေပြန်တွေပါ။ ကျောင်းသူ/ကျောင်းသားတွေလည်း ပါပါတယ်။ နောက်သူတို့ကို သွားခေါ်တဲ့မိဘတွေပါ ပါနေတယ်။ အသက် ၇ နှစ်အရွယ်ကလေးကတော့ ကျောင်းမတတ်သေးတဲ့အရွယ်ဆိုတော့ အလည်အပတ်သွားတာ ဖြစ်နိုင်ပါတယ်။ စစ်တွေနဲ့ ပေါက်တောက အချိန်မရွေး သွားလာနိုင်တယ်လေ" လို့ ပြောဆိုပါတယ်။ လတ်တလော ပေါက်တောမြို့မှာတွေ့ရှိတဲ့ လူနာသစ် ၁၂ ဦးနဲ့  ထိတွေခဲ့သူပေါင်း အယောက်  ၁၀၀ ကျော်ရှိနိုင်တယ်လို့လည်း   မြို့နယ်ဆရာဝန် ဒေါက်တာကိုကိုအောင်က ပြောပါတယ်။ အခုအခါ အဆိုပါပိုးတွေ့လူနာတွေရဲ့ နေအိမ်တွေကို လော့ဒေါင်းလုပ်ထားပြီး ပေါက်တောစျေးကိုတော့ နေ့တဝက်သာ ဖွင့်ခိုင်းထားပြီး လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်တွေကို ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ ညွှန်ကြားထားပါတယ်။ သတင်း - လင်းလက်
1 year Ago
Up