close

ကျောင်းအပ်နှံ

close

July 5, 2022

စစ်တွေရှိ ကမန်လူမျိုး အထက်တန်းကျောင်းသားများ ကျောင်းအပ်နှံခွင့်ရရှိ

ရခိုင်ပြည်နယ်၊  စစ်တွေမြို့က  ကမန်လူမျိုး အထက်တန်း ကျောင်းသူ/ကျောင်းသားတွေဟာ  ဇူလိုင် ၄ ရက်နေ့မှာ  အ.ထ,က(၆) ကျောင်းမှာ ကျောင်းအပ်နှံခွင့်ရရှိခဲ့ကြတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

အခုနှစ် ပညာသင်နှစ် စစ်တွေမြို့မှာ  စစ်ကောင်စီက အခြေခံပညာကျောင်းတွေကို ဇွန်လ  ၂ ရက်က စတင်ဖွင့်လှစ်သင်ကြားပေးနေရာမှာ ကမန်ကျောင်းသားတွေကတော့ ကျောင်းဖွင့်လှစ်ပြီး တလကျော်အကြာမှ ကျောင်းအပ်နှံခွင့်ရတာဖြစ်ပါတယ်။

ကျောင်းသားမိဘ တဦးက  “ဒီနေ့ (ဇူလိုင် ၄ ရက်)  စပြီးကျောင်းအပ်နှံခွင့်ရကြတာပါ။ အ.ထ.က (၆) စစ်တပ်ကျောင်းမှာ ကျောင်းအပ်နှံခွင့်ရကြတာပါ။ အခုအချိန်အထိ ကျောင်းအပ်နှံနေကြတုန်းပါ” လို့ ပြောပါတယ်။

သာယာကုန်းကျေးရွာရှိ အ.ထ,က(ခွဲ)ကျောင်းကို ၂၀၁၈ ခုနှစ်မှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာမျိုးသိမ်းကြီးနဲ့ ရခိုင်ပြည်ဝန်ကြီးချုပ် ဦးညီပုတို့အပါအဝင် ပြည်နယ်/ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ ကိုယ်တိုင်လာရောက်ပြီး ဆောက်လုပ်ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဒီကျောင်းမှာ စေတနာ့ဝန်ထမ်း ဆရာ/ဆရာမတွေနဲ့ ပညာသင်ကြားနေပေမဲ့ တရားဝင် ကျောင်းမဖြစ်သေးလို့ မြို့နယ်ပညာရေးမှူးက အခုနှစ် စာသင်နှစ်မှာ ကျောင်းအပ်ခွင့်နဲ့ ကျောင်းတက်ခွင့်တို့ကို တားမြစ်ထားခဲ့တာလည်းဖြစ်ပါတယ်။

"အစကတည်းက စစ်တပ်က အ.ထ.က(၆)မှာ ကျောင်းလက်ခံလိုက်ရင်ရတာပါ။ သူတို့က လက်မခံကြတော့ ကျောင်းသူ/ကျောင်းသားတွေ တလလောက် ပညာသင်ခွင့်နောက်ကျခဲ့ကြ တာပါ။"လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်တွေမြို့နယ်မှာ ကမန်တိုင်းရင်းသားလူဦးရေ  ၄၀၀၀ ကျော်နေထိုင်ကြပြီး ၉ တန်း၊ ၁၀ တန်း စတဲ့အထက်တန်းကျောင်းတက်မယ့် ကျောင်းသား ကျောင်းသူ ၅၀ ကျော်ရှိကြောင်း ကမန်တိုင်းရင်းသားတွေထံက သိရပါတယ်။

2 mins Ago

June 1, 2022

ယခုပညာသင်နှစ်အတွက် ကျောင်းအပ်နှံပြီးသူ ၅ ဒသမ ၂ သန်းကျော်ရှိဟု စစ်ကောင်စီပြော

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် နိုင်ငံတဝန်း အခြေခံပညာစာသင်ကျောင်းတွေမှာ  ကျောင်းအပ်နှံနေရာမှာ   ဇွန် ၁ ရက်ရက်အထိ  ကျောင်းအပ်နှံတဲ့ ကျောင်းသား ကျောင်းသူပေါင်း  ၅ ဒသမ ၂ သန်းကျော်ရှိပြီး ဧရာဝတီတိုင်းကအများဆုံးဖြစ်တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဇွန် ၁ ရက်က နေပြည်တော်မှာ  ပြုလုပ်တဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့တာဖြစ်ပြီး အရင်ပညာသင်နှစ်က ကျောင်းအပ်နှံသူစုစုပေါင်း ၅ ဒသမ ၃ သန်းရှိခဲ့ပေမဲ့ အခုနှစ် ကျောင်းအပ်နှံသူ ၅ ဒသမ ၂ သန်းကျော် ရှိတယ်လို့ ဆိုပါတယ်။

"ယခင်နှစ်က အပ်နှံမှု ၅ ဒသမ ၃ သန်း ရှိပါတယ်။ ဒီနှစ်မှာတော့ ကျောင်းအပ်နှံမှုက ဇွန်လ ၁ ရက်နေ့အထိ အပ်နှံပြီးသူ ၅ ဒသမ ၂ သန်းရှိပြီး ၉၉ ဒသမ ၂၄ ရာခိုင်နှုန်း အပ်နှံပြီးပြီ ဖြစ်ပါတယ်" လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ကျောင်းအပ်နှံမှုစာရင်း ကောက်ယူရာမှာ မနှစ်က ကျောင်းအပ်နှံတဲ့စာရင်း အပေါ်မှာသာ အခြေခံတွက်ချက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တိုင်းဒေသကြီး/ပြည်နယ် အကုန်လုံးနီးပါးမှာ ကျောင်းအပ်နှံသူအရေအတွက်က မနှစ်ကထက် မြင့်တက်လာနေပြီး ဧရာဝတီတိုင်းက ၉၁၇,၇၂၁ ဦးနဲ့ အများဆုံးဖြစ်ကာ  ချင်းပြည်နယ်မှာတော့ ၂၀,၀၀၀ ကျော်နဲ့ အနည်းဆုံး ကျောင်းအပ်နှံထားတယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူက ဆိုပါတယ်။

စစ်ကောင်စီ ဖွင့်လှစ်တဲ့ ကျောင်းတွေကို မတက်ဖို့ စစ်ကျွန်ပညာရေးဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ လည်း ရှိနေပြီး NUG အစိုးရ အစီအစဉ်နဲ့ ဖွင့်လှစ်တဲ့ ကျောင်းတွေမှာလည်း တက်ရောက်တဲ့ ကျောင်းသူ ကျောင်းသားတွေ အများအပြားရှိနေပါတယ်။

ကျောင်းဖွင့်ချိန်မှာ စစ်ကောင်စီတပ်တွေက  စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအပါဝင် ပြည်နယ်တချို့မှာ စာသင်ကျောင်းတွေအပါအဝင် လူနေအဆောက်အအုံတွေကို စစ်ကောင်စီတပ်တွေက  မီးရှို့ဖျက်ဆီး တာတွေလည်း ရှိနေပါတယ်။

1 month Ago
Up