close

ကျောင်းအပ်လက်ခံ

close

March 21, 2023

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မေလ ၂၃ ရက်နေ့ စတင်ကျောင်းအပ်လက်ခံမည်

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းတွေနဲ့ တက္ကသိုလ်ကောလိပ်တွေရဲ့  ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေ ၂၃ ရက်(အင်္ဂါနေ့) က စတင်မယ်လို့   စစ်ကောင်စီရဲ့ ပညာရေးဌာနက သိရပါတယ်။

ကျောင်းအပ်နှံရေးသီတင်းပတ်ကို နှစ်စဉ် မေလနောက်ဆုံးပတ်ဖြစ်တဲ့ ၂၅ ရက်မှာ စတင်လေ့ ရှိပေမဲ့ လာမယ့်ပညာသင်နှစ်မှာတော့ ၂ ရက်စောကာ မေ ၂၃ ရက်ကနေ ၈ ရက်တိုင်တိုင် ကျောင်းအပ်လက်ခံမယ်လို့ဆိုပါတယ်။

လာမယ့်နှစ်မှာ ကျောင်းအပ်နှုန်းက အခုနှစ်ထက် ပိုများလာမှာနဲ့ ကျောင်းမဖွင့်နိုင်သေးတဲ့ နေရာတွေ ကျောင်းဖွင့်နိုင်ဖို့နဲ့ ကျောင်းအပ်နှုန်းတွေ ပိုတိုးလာဖို့ လမ်းညွှန်ထားတယ်လို့  စစ်ကောင်စီ ပညာရေးဌာနက တာဝန်ရှိသူ တဦးက ပြောပါတယ်။

လာမယ့်ပညာသင်နှစ်မှာ ယခုပညာသင်နှစ်မှာ တက်ရောက်တဲ့ ကျောင်းသားကျောင်းသူ ၇ သန်းကျော်ထက် ပိုမိုများပြားတဲ့ ကျောင်းသားကျောင်းသူအရေအတွက်ကို စစ်ကောင်စီက မျှော်မှန်းထားပါတယ်။

မေလမှာ Grade-12 နဲ့ Grade-9 စနစ်သစ် သင်ရိုးသစ်ဗဟိုအဆင့်သင်တန်းတွေကို တက္ကသိုလ်တွေက ပါမောက္ခ၊ တွဲဖက်ပါမောက္ခတွေက တက်ရောက်ကြရမှာဖြစ်ပြီး သင်တန်းပြီးပါက တက္ကသိုလ်အလိုက် သတ်မှတ်ထားတဲ့ခရိုင်၊ မြို့နယ်တွေက အခြေခံပညာ အထက်တန်းပြ ဆရာ၊ ဆရာမတွေကို ဆင့်ပွားပို့ချသင်ကြားပေးဖို့ စီစဉ်ထားပါတယ်။

အဆင့်မြင့်ပညာ တက္ကသိုလ်တွေမှာလည်း ပထမနှစ် (ဒုတိယနှစ်ဝက်) ကျောင်းသား/ ကျောင်းသူ တွေအနေနဲ့ ၂၀၂၃ ခုနှစ် မေ ၂၃ ရက်က စတင်ကာ သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေကို ဆက်သွယ်သတင်းပေးပို့ဖို့နဲ့ ဒုတိယနှစ်နဲ့ အထက် ကျောင်းသား/ကျောင်းသူ တွေဟာ မေ ၂၃ ရက်ကစပြီး ကျောင်းအပ် လက်ခံဖို့ လျာထားတယ်လို့လည်း သိရပါတယ်။

ဖမ်းဆီးခံကျောင်းသားကျောင်းသူတွေကို ထောက်ရှုသောအားဖြင့် စစ်ကောင်စီအလိုကျ ပြန်ဖွင့်တဲ့ ကျောင်းတွေကို မတက်ကြဘဲ CDMလုပ်ကြဖို့နဲ့ စစ်ကျွန်ပညာရေးကို ဆက်ပြီးသပိတ်မှောက်ကြဖို့ ကျောင်းသားများသမဂ္ဂက တိုက်တွန်းတောင်းဆိုထားပါတယ်။

7 mins Ago

July 14, 2020

လွိုင်ကော်တွင် ကိုဗစ်ကာကွယ်ရေးစည်းကမ်းနှင့်အညီ‌ ကျောင်းအပ်လက်ခံနေ

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် နိုင်ငံတဝန်းမှာ အခြေခံပညာအထက်တန်းအဆင့်  ကျောင်းစတင်အပ်နှံနေသလို ကယားပြည်နယ်မှာလည်း ဇူလိုင် ၁၃ ရက်နေ့ကစပြီး အထက်တန်းကျောင်းနဲ့ အထက်ကျောင်းခွဲတွေမှာ ကိုဗစ်ကာကွယ်ရေး သတ်မှတ်စည်းကမ်းတွေနဲ့အညီ‌ ကျောင်းအပ်လက်ခံနေပါတယ်။ လွိုင်ကော်မြို့လယ်မှာရှိတဲ့ အ.ထ.က ၁ ကျောင်းမှာတော့ ကျောင်းလာအပ်တဲ့မိဘ နဲ့ကျောင်းသားတွေကို အဝင်ဝမှာကတည်းက အပူချိန်တိုင်းတာ၊ လက်ဆေးစေတာတွေ ပြုလုပ်ပေးသလို လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျောင်းအပ် ပုံစံတွေကို ထုတ်ပေးပြီး နောက်နေ့တွေမှာ ပြန်လည်တင်လာဖို့ စီစဉ်ထားတယ်လို့  လို့ကျောင်းအုပ်ဆရာကြီး ဦးအောင်ဇော်ဦးက ပြောပါတယ်။  “ခါတိုင်းကျတော့ ဒီလောက်ထိ အားစိုက်စရာမလိုဘူးလေ။ သမားရိုးကျပဲ ကျောင်းအပ်လက်ခံတာ ဒီနှစ်ကျတော့ ကိစ္စတခုခုလုပ်မယ် ကြံတိုင်း ဒီ ကိုဗစ်နဲ့ငြိသလား အမြဲတမ်း ပဲ ကြည့်နေရတာပေါ့နော်။ အခုမိဘတွေကိုကျောင်းအပ်လက်ခံတဲ့အခါမှာ ကျနော်တို့က form ပေးတယ်။  ပြီးသူတို့တက်မယ့် ဘာသာတွဲကို ရွေးချယ်ပြီးရင် လာပေးလိမ့်မယ်။ အဲဒီမှာ ကျနော်က အစည်းအဝေးဖိတ်စာကိုပါ တခါတည်းပေးလိုက်တယ်။ ၁၈ ရက်နေ့မှာ အစည်းအဝး မပျက်မကွက်တက်ရောက်ဖို့ပေါ့။  အဲဒီနေ့မှာ တက်တဲ့သူလက်မှတ်ထိုး စာအုပ်ကို ဝေလိုက်မယ်။ အစည်းအဝေးပျက်ရင် စာအုပ်မရဘူး။  ” ဒါ့အပြင် ကိုဗစ်ကာလ ကျောင်းတက်ရမယ့် အနေအထားတွေနဲ့ပတ်သက်ပြီး မိဘတွေ သိအောင် ကျောင်းသားမိဘတွေအားလုံးကို ဇူလိုင် ၁၈ ရက်နေ့မှာ အစည်းအဝေးခေါ်ထားပြီး အဲဒီနေ့ကျမှာ ကျောင်းသုံးဖတ်စာအုပ်နဲ့ ကိုဗစ်ကာကွယ်ရေးအတွက် MASK နဲ့ FACESHILF တွေကို ပေးအပ်သွားမယ်လို့လည်း ကျောင်းအုပ်ဆရာကြီး ဦးအောင်ဇော်ဦးက ပြောပါတယ်။ ကျောင်းတက်ချိန်မှာ ကျောင်းသူကျောင်းသားတွေ အလွယ်တကူနဲ့ လက်ဆေးနိုင်ဖို့ အခန်းတိုင်းရဲ့ရှေ့မှာ လက်ဆေးဘေဇင်တွေ တပ်ဆင်ပေးထားသလို ဆပ်ပြာတွေကိုလည်း ကျောင်းက ကိုယ်တိုင်လုပ်ထားတဲ့ဆပ်ပြာတွေကို အသုံးပြုဖို့ ပြင်ဆင်ထားကောင်းလည်း ဆရာဦးအောင်ဇော်ဦးက ပြောပါတယ်။ “ကျောင်းရှေ့ဂိတ်ပေါက်မှာ ကျနော်တို့ အပူချိန်စောင့်တိုင်းမှာ မဟုတ်ဘူး။ ဂိတ်ပေါက်မှာ စောင့်တိုင်းလိုက်ရင်း လမ်းအပြင်မှာ block ဖြစ်သွားမယ်။ ကားတွေဘာတွေနဲ့ ကလေးတွေ ယာဉ်အန္တရာယ်ရှိတယ်။ အဲတော့ ကျနော်တို့က အဲဒီကနေ ကြိုးတန်းပြီးမှ ဝင်ကမ္ဘာလိုမျိုး ခုံနဲ့ ကြိုးနီတားထားမှာဖြစ်တဲ့အတွက် တတန်းနဲ့တတန်း ၆ ပေခြားမယ်။  တယောက်နဲ့ တယောက်ကလည်း ၆ ပေခြားမယ်။ အထဲမှာပဲ ကလေးကိုစုပြီး အဲဒီလမ်းကြောင်းအတိုင်း လျှောက်လာခဲ့ ဆရာမက အဲဒီမှာ အပူချိန်တိုင်းပြီးမှ ဒုတိယအဆင့်မှ ကျနော်တို့က ကျောင်းလက်ခံမှာဖြစ်တယ်။  ” ၁၀ တန်းကျောင်းသူကျောင်းသားတွေကို  ပိုပြီးအချိန်ပေးဖို့ ပညာရေးဌာနက ညွှန်ကြားတဲ့အတွက် မြို့ပေါ်ကျောင်းအားလုံးမှာ ၁၀ တန်းတွေကို မနက် ၈ နာရီကနေ ၁၂ နာရီအထိ နေ့တိုင်းစာ သင်ပေးသွားမှာဖြစ်ပြီး ၉ တန်းတွေကို တပတ်ခြား သင်ပေးသွားမှာဖြစ်ပါတယ်။ အလယ်တန်းကျောင်းသားတွေကိုလည်း မနက်ပိုင်းဆိုရင် ၅ တန်း ၆ တန်းနဲ့  ညနေပိုင်းမှာ ၇ တန်း ၈ တန်း သင်စေမှာဖြစ်ပြီး မူလတန်းကျောင်းသားကျောင်းသူတွေကိုတော့ မနက်ပိုင်း တချိန်တက်ဖို့ စီစဉ်ထားတယ်လို့   ကျောင်းအုပ်ဆရာကြီးက ပြောပါတယ်။ ကျောင်းတွင်း အခန်းတိုင်း လက်ဆေးဘေစင်နဲ့  ရေရရှိစေဖို့ ပြီးခဲ့တဲ့မေလကတည်းက ကျောင်းသားမိဘ အလှူရှင်တချို့နဲ့အတူ ပြင်ဆင်ထားခဲ့တာဖြစ်ပြီး အထက်ထန်းကနေ မူလတန်းအထိ  အခန်းတိုင်း လက်ဆေးဘေစင်နဲ့ ရေရရှိဖို့ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ ကျောင်းလာအပ်တဲ့ ကျောင်းသားမိဘတဦးကတော့ “ကျမတို့ ကယားပြည်နယ်မှာတော့ ကိုဗစ်-၁၉က မရှိဘူးပေါ့နော်။ အဲကျတော့ စိုးရိမ်ပူပန်မှုက သိပ်မရှိဘူး။ ဒါပေမဲ့ ကလေးတွေအနေနဲ့တော့ အများကြီး ဂရုစိုက်ရမှာပေါ့နော်။ အငယ်လေးတွေကျတော့ ၆ ပေအကွာဆိုလည်း သူတို့က နေမှာမဟုတ်ဘူးလေ။ အဲကျတော့ မူလတန်းကလေးတွေကို ပိုပြီးတော့ ဂရုစိုက်ရမှာပေါ့။  ” ကိုဗစ်ကာလအတွင်း ဇူလိုင် ၂၁ ရက်နေ့ကစပြီး  အထက်တန်းအဆင့် ကျောင်းစတင်ရမှာ ဖြစ်ပြီး အလယ်တန်း အဆင့်တွေကို သြဂုတ်လ၄  ရက်နဲ့ မူလတန်းဆင့်တွေကို  သြဂုတ်လ ၁၁ ရက်မှာ စတင်ဖွင့်လှစ်ဖို့ ကြေညာထားပါတယ်။ ကယားပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ်မှာ အခြေခံပညာသင်ကျောင်းပေါင်း ၄၅၃ ကျောင်းရှိပြီး ကျောင်းသူ ကျောင်းသားပေါင်း ၈၀၀၀၀ နီးပါး ရှိပါတယ်။
3 years Ago
Up