close

ကျေးရွာအုပ်ချုပ်ရေးမှူးရုံး

close

February 23, 2023

မိုးကုတ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရပြီး စစ်သား ၃ ဦး သေဆုံး

မန္တ​လေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ကသဲကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဖေဖော်ဝါရီ ၂၃ ရက် ဒီနေ့မနက် ၅ နာရီလောက်က ဝင်ရောက်တိုက်ခိုက်ခံခဲ့ရာမှာ စစ်ကောင်စီတပ်က ၃ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ Red Wolf of Mogok အဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

ကသဲကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ၄၀ မမ လက်နက်ကြီး ၆ လုံးနဲ့ ဝင်ရောက်တိုက်ခိုက်ပြီးနောက် လက်နက်ငယ်နဲ့ ၁၅ မိနစ်လောက် ပစ်ခတ်ခဲ့တာလို့လည်း ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူးရုံး ခေါင်မိုးတွေ ပွင့်ထွက်သွားပြီး နံရံမှာလည်း ကျည်ထိမှန်ရာတွေ တွေ့မြင်ခဲ့ရတယ်လို့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။

“ဒီနေ့မနက် ငါးနာရီလောက် အသံကြားတာ ဆက်တိုက်ပဲ။ ပေါက်ကွဲသံတွေကော ပစ်ခတ်သံတွေကော ကြားတာ။ ထိခိုက်မှုကတော့ မသိရဘူး” လို့ ကသဲကျေးရွာအုပ်စုမှ ဒေသခံတဦးက ပြောပါတယ်။

အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေ လမ်းပိတ်စစ်ဆေးတာတွေကို မွန်းလွဲပိုင်းအထိ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကသဲကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ စစ်ကောင်စီတပ်သားတွေ နေ့ရောညပါ တပ်စွဲထားကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

10 mins Ago

April 5, 2022

ဒိုက်ဦးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲဖျက်ဆီးခံရ

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ကတုတ်ဘုရားကြီး စံပြကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဧပြီ ၃ ရက်ည ၁၀ နာရီခွဲလောက်မှာ ပဲခူးခရိုင်တပ်ရင်း ၁၊  တပ်ခွဲ ၄ က ဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့ ပဲခူးခရိုင် PDF ကနေ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက လယ်သမားတွေဆီက လယ်ခွန်၊ ယာခွန်တွေကို ခြိမ်းခြောက်တောင်းခံတာ၊ လင်မယား ရန်ဖြစ်တဲ့ကိစ္စတွေမှာလည်း ဒဏ်ငွေ ကျပ် ၅ သောင်း၊ ၁ သိန်း တောင်းပြီး မပေးရင် ရိုက်နှက်တာတွေ လုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁ က အာဏာသိမ်းစစ်ကောင်စီနဲ့ ထောက်တိုင်တွေကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီ တပ်တွေနဲ့  နီးစပ်တဲ့နေရာတွေကို ရှောင်ရှားကြဖို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

11 months Ago
Up