close

ကျေးရွာ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူး

close

November 7, 2021

ဝက်လက်တွင် ကျေးရွာကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူးနှင့်သားဖြစ်သူ ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ သားနားကျေးရွာမှာ နိုဝင်ဘာ ၆ ရက် ညနေပိုင်းက ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးနဲ့သားဖြစ်သူတို့ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ကြံ့ခိုင်ရေးပါတီ ရပ်ကျေးစည်းရုံးရေးမှူး  ဦးဆွေမောင်နဲ့သားဖြစ်သူ ဦးသန်းထွန်းဦးတို့ရဲ့ နေအိမ်ကို အမည်မသိသေနတ်သမားတွေ‌ လာရောက် ပစ်သတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

"ညနေ ၆ နာရီလောက်က ဦးဆွေမောင်အိမ်မှာ အပစ်ခံရတာ၊ သားအဖနှစ်ယောက်စလုံး သေတယ်။ ဘယ်သူပစ်သွားတယ်ဆိုတာကတော့ မသိလိုက်ရဘူး" လို့ သူတို့နဲ့ နီးစပ်တဲ့ဒေသခံတစ်ဦးက ပြောပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ကြံ့ခိုင်ရေးပါတီ ရပ်ကျေးစည်းရုံးရေးမှူးသားအဖဟာ ပျူစောထီး သင်တန်း တက်ရောက်ထားသူတွေ ဖြစ်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဝက်လက်မြို့နယ်  ရှိမ်းမကားရွာသစ်မှာ အောက်တိုဘာ ၁၄ ရက်က ကိုဗစ်ကာကွယ်ဆေးထိုးပြီး ပြန်လာတဲ့ ကြံ့ခိုင်ရေးပါတီဝင် လင်မယား နှစ်ဦး သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပါသေးတယ်။

1 min Ago
Up