close

ကျွဲ၊ နွား အရောင်းအဝယ်ဈေးကွက်

close

January 20, 2023

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်တွင် ကျွဲ၊ နွား အရောင်းအဝယ်ဈေးကွက် ပြန်ကောင်းလာ

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တဘက်ကမ်း တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ  မြန်မာ ကျွဲ၊ နွား အရောင်းအဝယ်ဈေးကွက် ပြန်ကောင်းလာနေတယ်လို့ ကျွဲ၊ နွား ကုန်သည်တွေက ပြောပါတယ်။

မြန်မာပြည်က တောင်သူလယ်သမားတွေမွေးမြူထားတဲ့  ကျွဲနွားတွေကို ကုန်သည်တွေက မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နဲ့ တခြားတိုင်းနဲ့ ပြည်နယ်တွေ အနှံ့ ကျေးရွာတွေအထိ အရောက်သွားကာ ဝယ်ယူပြီး   အိမ်နီးချင်း ထိုင်းနိုင်ငံကို တင်ပို့ရောင်းချတာကြတာပါ။

မြန်မာပြည်တွင်းကနေ ခိုင်းကျွဲနွားတွေကို ကားတွေနဲ့တင်သယ်ယူလာကြတာဖြစ်ပြီး  မန္တလေးကနေဆိုရင်  မြန်မာ-ထိုင်းနယ်စပ်အထိ   ၃ ရက်ကြာ သယ်ယူရလေ့ရှိပါတယ်။

ကရင်ပြည်နယ်ထဲမှာဆိုရင် ကျွဲနွားတကောင်ကို သယ်ယူစရိတ် ကျပ် ၇၈၀၀၀ လောက် ကုန်ကျတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ဘတ်ငွေဈေးကောင်းတာနဲ့ တရုတ်ပြည်က မြန်မာ ကျွဲနွားတွေကို မပေးဝင်တာကြောင့်  မဲဆောက်မြို့ရှိ နွားဈေးကွက်ကို  မြန်မာကျွဲနွားတွေ အရောက်များလာတာလို့ ကုန်သည်တွေက ပြောပါတယ်။

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ကူးလာတဲ့ ကျွဲနွားတွေကို နယ်စပ်မှာ ၂၈ ရက်ကြာ ကွာရန်တင်းထားရှိပြီမှ  ထိုင်းနိုင်ငံမဲဆောက်ဈေးကွက်မှာ ရောင်းချခွင့်ပြုပါတယ်။

ကျွဲနွားဝယ်ယူသူတွေကတော့ ထိုင်းကုန်သည်၊ မလေးရှားကုန်နဲ့ ကမ္ဘောဒီးယားနိုင်ငံက ကုန်သည်တွေဖြစ်ကြပြီး အများအားဖြင့် အမဲသားအဖြစ် သတ်စားကြတာဖြစ်ပါတယ်။

10 mins Ago
Up