close

ကြက်ခြေနီတပ်ဖွဲ့ဝင်

close

July 1, 2021

နတ်တလင်းမြို့က ကြက်ခြေနီတပ်ဖွဲ့ဝင်၊ ပရဟိတအသင်းသား ၁ ဦး ဖမ်းဆီးခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့က သုခကာရီပရဟိတအသင်းသားလည်းဖြစ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်လည်းဖြစ်တဲ့ ကိုထိုက် (ခ) ကိုကျော်လင်းထိုက်ကို ဇွန်လ ၂၉ ရက်နေ့ညပိုင်းက ပြည်မြို့ကို လူနာပို့ပြီးအပြန်မှာ ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

မိသားစုဝင်တဦးက "လူနာပို့ပြီးအပြန် ပေါင်းတည်ဘက်မှာ အဖမ်းခံရတယ်လို့ သိရတယ်။ ကားထဲက သူ့တယောက်တည်းကို ရွေးဖမ်းသွားတာ။ အခုတော့ နတ်တလင်းရဲစခန်းမှာ ဖမ်းထားပါတယ်” လို့ အတည်ပြုပြောပါတယ်။

အဖမ်းဆီးခံရသူ ကိုထိုက် (ခ) ကိုကျော်လင်းထိုက်မှာ ဒေသတွင်း အများပြည်သူအကျိုးကိစ္စများကို အားကျိုးမာန်တက် ကူညီလုပ်ကိုင်ပေးနေသူတဦးဖြစ်ပြီး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။

4 mins Ago
Up