close

ကြည့်ငိုတောင်တိုက်ပွဲ

close

May 31, 2021

ပေါက်မြို့နယ် ကြည့်ငိုတောင်တိုက်ပွဲတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ၃၀ ခန့်သေဆုံး

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကြည့်ငိုတောင်တိုက်ပွဲမှာ မေလ ၃၁ ရက် ဒီနေ့ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ မိုင်းနင်းမိပြီး အယောက်  ၃၀ လောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကြည့်ငိုတောင်မှာ ဒီမနက်ပိုင်းက ပေါက်မြို့နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေတိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ညနေ ၃ နာရီကျော်လောက်မှာလည်း  တိုက်ပွဲထပ်မံဖြစ်ပွားရာ မိုင်းနင်းမိလို့ စစ်တပ်က  ၃၀ လောက် ကျဆုံးခဲ့ပြီးတော့ ဒဏ်ရာရသူတွေလည်း အများအပြားရှိတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်းပြောက်ကျားတပ်တွေနဲ့အတူ ချင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့လို့ ယူဆရတဲ့ တပ်ဖွဲ့တွေ စစ်ကူဝင်ရောက်လာသလို အကြမ်းဖက်စစ်ကောင်စီ ဘက်ကလည်း အင်အား ၂၀၀ လောက်ထပ်တိုးပြီးတော့ ကြည့်ငိုတောင်အထက်ကိုကျော်သွားပြီလို့ ဆိုပါတယ်။

ကြည့်ငိုတောင်ခြေမှာရှိတဲ့ ဘို့လယ်ရွာကိုလည်း စစ်ကောင်စီတပ်တွေက ဝင်ရောက်မွှေနှောက်ခဲ့ပြီးတော့ လက်နက်ကြီးပစ်ခတ်သံတွေကြားတာကြောင့် ရွာသားတွေ ဘေးလွတ်ရာမှာ တိမ်းရှောင်နေရပါတယ်။

2 mins Ago
Up