close

ကြတ်ဂူ

close

July 2, 2021

လွိုင်ကော် ကြတ်ဂူအနီး ပစ်ခတ်မှုဖြစ်ပွားသဖြင့် ဒေသခံများထွက်ပြေး

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်း ပါလောင်းနဲ့ ​ဒေါတရိုး​ကျေးရွာအနီးတဝိုက်မှာ ဇူလိုင်လ ၂ ရက်​ ဒီမနက် ၉ နာရီ​ကျော်က ပစ်ခတ်မှုတွေဖြစ်ပွားခဲ့လို့  ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ပစ်ခတ်မှုဖြစ်တဲ့နေရာဟာ လွိုင်ကော်- ရှားတောလမ်းမကြီး ကြတ်ဂူနီးဖြစ်ပွားခဲ့တာလို့ ဒေသခံ တွေက ပြောပါတယ်။ ပစ်ခတ်သံဟာ ၁၅ မိနစ်လောက်သာ ကြာမြင့်ပြီး  ဘယ်အဖွဲ့နဲ့ ပစ်ခတ်လဲဆိုတာ သေချာ မသိရသေးပါဘူး။

ကယားပြည်နယ်ထဲက  ဒီးမော့ဆိုနဲ့ ဘော်လခဲမြို့နယ်တွေမှာ မေလကစပြီး  စစ်ကောင်စီ တပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားပြီးနောက် ဇွန်လ ၁၅ ရက်နေ့မှာ  အပစ်ခတ်ရပ်ကြောင်း ကြေညာခဲ့ပါတယ်။

ကယားပြည်နယ်အတွင်း ဖြစ်ပွားတဲ့  တိုက်ပွဲကြောင့် သေဆုံးသူ  ၇၆ ဦးရှိလာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံပြည်သူ တစ်သိန်းကျော်ရှိလာတယ်လို့ သိရပါတယ်။

12 hours Ago
Up