close

ကြမ်းခင်းဈေး

close

July 29, 2021

ရောင်းရငွေလှူဒါန်းရန် ပန်းချီမုတ်သုံ၏ “စု”ပန်းချီကား ကြမ်းခင်းဈေးကျပ် ၁၀ သိန်းဖြင့် လေလံစခေါ်

စစ်အာဏာရှင်လက်ထက် ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေအတွက် လိုအပ်တဲ့ နေရာတွေဆီ လှူဒါန်းနိုင်ဖို့ ရည်ရွယ်ကာ နာမည်ကြီး ပန်းချီဆရာ မုတ်သုံရဲ့ ပန်းချီကားတချပ်ကို ကြမ်း ခင်းဈေးကျပ် ၁၀ သိန်းနဲ့ စတင်လေလံခေါ်ယူထားပါတယ်။

မြန်မာ့ပန်းချီလောကရဲ့ အထင်ကရတယောက်ဖြစ်တဲ့ ဆရာမုတ်သုံရဲ့ ၁၅"x၂၂" အ ရွယ် ရေဆေးပန်းချီကားကိုတော့ “စု”လို့ အမည်ပေးထားတာဖြစ်ပြီး ၂၀၁၃ ခုနှစ်က လက်ရာ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေ အရာရာ ခက်ခဲကျပ်တည်းနေတဲ့အချိန်မှာ ပန်းချီကား ရောင်းရငွေ အရင်းအမြတ်ပေါင်း ၁၀၀ ရာခိုင်နှုန်းကို လိုအပ်နေတဲ့ နေရာတွေဆီ လှူဒါန်းသွားမယ်လို့ ပန်းချီကားလေလံစီစဉ်သူ Maung Chomsky အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူက ရေး သားထားပါတယ်။

ပန်းချီကားချစ်သူတွေအနေနဲ့ ပို့စ်ရဲ့ ကောမန့်မှာ စျေးပြိုင်ပေးဝယ်ယူနိုင်မှာဖြစ်ပြီး လာမယ့် ဇူလိုင် ၃၁ ရက်ည ၁၂ နာရီတိတိမှာ လေလံပိတ်သိမ်းမှာ ဖြစ်တယ်လို့ ဆိုပါ တယ်။

16 mins Ago

March 17, 2020

မန်းရွှေစက်တော် တည်းခိုဆောင်လုပ်ငန်းရှင်နှင့် ဈေးသည်များကို ကြမ်းခင်းဈေး ပေးသွင်းငွေ ၆၀ ရာခိုင်နှုန်း ပြန်ပေးမည်

ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့် ပိတ်သိမ်းခဲ့တဲ့ မန်းရွှေစက်တော်ဘုရားပွဲ တည်းခိုဆောင်လုပ်ငန်းရှင်တွေနဲ့ ဈေးသည်တွေကို ကြမ်းခင်းဈေး ပေးသွင်းငွေ ၆၀ ရာခိုင်နှုန်း ကျပ်သိန်းပေါင်း ၅၉၀၀ ကျော်ကို ပြန်ပေးသွားမယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။  မကွေးတိုင်းဝန်ကြီးချုပ်နဲ့ သြဝါဒဆရာတော်တွေရဲ့ မိန့်ကြားချက်အရ နစ်နာတဲ့ တည်းခိုဆောင် လုပ်ငန်းရှင်တွေနဲ့ ဈေးဆိုင်တွေအတွက် မတ် ၁၇ ရက်နေ့ မနက်ပိုင်းကစလို့ ၆၀ ရာခိုင်နှုန်း ပြန်လည်ပေးသွားမယ်လို့ မန်းရွှေစက်တော်ဘုရား ဂေါပက ဥက္ကဋ္ဌက ပြောပါတယ်။  မန်းရွှေစက်တော် ဘုရားပွဲတော်မှာ တည်းခိုဆောင်လုပ်ငန်းရှင် ၁၀၀ ကျော်နဲ့ ပျံကျဈေးသည် အပါအဝင် ဈေးသည်ပေါင်း ၁၀၀၀ ကျော် မှီခိုလုပ်ကိုင်နေကြတာလည်း ဖြစ်ပါတယ်။   လုပ်ငန်းရှင်တွေနဲ့ ဈေးသည်တွေဘက်ကတော့ ကြမ်းခင်းဈေး ပေးသွင်းငွေရဲ့ ၇၅ ရာခိုင်နှုန်းကို ပြန်လည်ပေးအပ်ဖို့ တောင်းဆိုထားတာပါ။ မန်းရွှေစက်တော် ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့ကနေ မြန်မာနှစ်ဆန်း ၁ ရက်နေ့ထိ ရက် ၈၀ ကြာ ကျင်းပခဲ့တာဖြစ်ပြီး အခုနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကာကွယ်နိုင်ဖို့ ပွဲတော်ကာလ တဝက်လောက် ပိတ်သိမ်းလိုက်တာပါ။ ဘုရားပွဲတော် ကာလအတွင်း လက်ရှိအချိန်ထိ ရန်ပုံငွေ သိန်းပေါင်း ၆ သောင်း ၈ ထောင်ခန့် ကောက်ခံရရှိပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။
1 year Ago
Up