ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ ဇန်နဝါရီ ၃ ရက်နေ့က တရားရုံးစာရေးတဦး ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
မြို့နယ်တရားရုံးက စာရေးဖြစ်သူ ဦးဇင်ဘိုဟာ ဖိအားတွေများလာပြီး ဆူဆဲခံရမှုတွေကြောင့် ခုလိုမျိုး ကြိုးဆွဲချ သေဆုံးခဲ့တာဖြစ်နိုင်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ညတိုင်း ၇ နာရီကျော်မှာပြန်ရတာ၊ ပြီးတော့ နေ့တိုင်းအဆူဆဲ အအော်ခံနေရတယ်၊ ဖိအားကလည်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုများလာတယ်၊ ဒါတွေကို သူမခံနိုင်တော့လို့ ခုလိုမျိုး လုပ်သွားတာ ဖြစ်မယ်။”
ကြိုးဆွဲချသေဆုံးခဲ့တဲ့ တရားရုံးစာရေး ဦးဇင်ဘိုဟာ အနေအေးသူတဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ အလုပ်ဖိအားတွေ များလာသလို အဆူအဆဲခံရမှုတွေ နေ့စဉ်ကြုံတွေ့လာတာကြောင့် ခုလိုမျိုးလုပ်သွားတာ ဖြစ်နိုင်တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းမှာ အဆုံးစီရင်သေဆုံးခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်း ၁ ဦးသာရှိခဲ့ပြီး ဒါဟာ ဒုတိယမြောက်ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး နေရပ်ပြန်ပို့ခံရဖို့ရှိနေတဲ့ မြန်မာအမျိုးသားတ ယောက်ဟာ အချုပ်ခန်းထဲမှာ သူ့ကိုယ်သူ ကြိုးဆွဲချသတ်သေသွားခဲ့တယ်လို့ ဘန်ကောက် ပို့စ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းက ပရာပရာဒန်ခရိုင်ထဲမှာ ဖြစ်ခဲ့ တာဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် အဆိုပါ အမျိုးသားဟာ ထိုင်းနိုင်ငံထဲကို တရားမ ဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှု၊ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုတွေနဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလလယ်လောက်ကတည်းက ဖမ်းဆီးခံထားရကာ နေရပ်ပြန်ပို့ဖို့ စောင့်ဆိုင်းနေရတာလို့ ရဲမှူးကြီး ချက်ကရာဖွန် နက်ချ်ဖဒန်က ပြောပါတယ်။
ဘောင်းဘီကြိုးကို အသုံးပြုကာ အချုပ်ခန်းတွင်း ကြိုးဆွဲချသေဆုံးနေတာကို မနက်ပိုင်း ၂ နာရီခွဲလောက်မှာ တာဝန်ကျရဲအရာရှိတယောက်က စစ်ဆေးတွေ့ရှိလို့ ဆိုပါတယ်။
လက်ရှိမှာတော့ သူ့ရဲ့ ရုပ်အလောင်းကို ဘန်ချခ်ဆေးရုံကို ပို့ဆောင်ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားတဲ့ နေရာကို လုံခြုံရေးကင်မရာက လွှမ်းခြုံမထားနိုင်ခဲ့ဘဲ လတ်တလော ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ရဲမှူးကြီး ချက်က ရာဖွန်က ပြောပါတယ်။
ကနဦးစစ်ဆေးချက်တွေအရတော့ အဆိုပါအမျိုးသားဟာ စိတ်ဖိစီးမှုတွေကြောင့် ခုလိုကြံ စည်တာဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။