close

ကြိုးပေးကွပ်မျက်

close

December 1, 2022

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို ကြိုးပေးကွပ်မျက်ရန် စီစဉ်နေဟု သတင်းထွက်ပေါ်

သေဒဏ်ချမှတ်ခံရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ယောက်ကို လာမယ့် ဒီဇင်ဘာ ၇ ရက်နေ့  အင်းစိန်အကျဉ်းထောင်တွင်း ကြိုးပေးကွပ်မျက်မှာဖြစ်ပြီး ထောင်အစီအစဉ်နဲ့ သင်္ဂြိုဟ်မယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကနေ သိရပါတယ်။

ကြိုးပေးစီရင်မှုကို ဒီဇင်ဘာ ၇ ရက်၊ ညနေ ၄ နာရီ ၄၄ မိနစ်မှာ စစ်ကောင်စီတပ်က  ဒုမှူးကြီးဝေလင်းဖြိုး(စတသ-၄၅)က ဦးဆောင်သွားမယ်လို့  ဆိုပါတယ်။

အဆိုပါသတင်းတွေထွက်ပေါ်မှုနဲ့ပတ်သက်ပြီး ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့ တာဝန်ခံ ကော်ပီက “ဟုတ်တယ်။ ကျနော်နဲ့ အလုပ်တွဲလုပ်နေတဲ့မိတ်ဆွေ တစ်ယောက်ဆီက အခုပဲ သိရတာ၊ တကယ်သာဆို ကူညီကြပါဦးဗျာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ဧပြီလက တောင်ဒဂုံမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့ရတနာဘဏ်ခွဲ ဓားပြတိုက်မှုမှာ ဘဏ်တာဝန်ခံမန်နေဂျာ ဒုဗိုလ်မှူးဟောင်း စောမိုးဝင်း သေနတ်နဲ့ပစ်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့  ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ယောက်ကို နိုဝင်ဘာ ၃၀ ရက်မှာ အင်းစိန်ထောင်အတွင်းစစ်ခုံရုံးကနေ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အခုလိုနိုဝင်ဘာ ၃၀ ရက် အမိန့်ချပြီး တစ်ရက်အကြာ  ဒီဇင်ဘာ ၁ ရက်နေ့မှာ အခုလို ကွပ်မျက်မယ့်သတင်း  ထွက်ပေါ်လာတာဖြစ်ပါတယ်။

ထောင်နဲ့ နီးစပ်တဲ့ ရှေ့နေတယောက်ကတော့ “အမိန့်ချပြီး တစ်ပတ်အတွင်း ကြိုးပေးမယ်ဆိုတာက မဖြစ်နိုင်ပါဘူး။ ရှေ့မှာလည်း ကြိုးပေးခံရထားတဲ့ နံပါတ်အစဥ်လိုက်တောင် မကုန်သေးဘူး” လို့  သုံးသပ်ပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ NLD လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေးလှုပ်ရှားသူ လေးယောက်ကို ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။

11 mins Ago

December 12, 2020

အီရန်အစိုးရဆန့်ကျင်သူ သတင်းထောက် ရာဟိုလာဇမ်ကို ကြိုးပေးကွပ်မျက်

အီရန်အစိုးရဆန့်ကျင်သူ သတင်းထောက် ရာဟိုလာဇမ်ကို ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းမှာ ကြိုးပေး ကွပ်မျက်လိုက်ပြီလို့ နိုင်ငံပိုင်သတင်းဌာန IRNA က ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လမှာပဲ အီရန်တရားရုံးက ဇမ်ဟာ ကြီးလေးသော အကျင့်ပျက်ခြစားမှု ကျူးလွန်တယ်လို့ ဆိုပြီး သေဒဏ်ချမှတ်ခဲ့တာပါ။ သူလျှိုမှု ဒါမှမဟုတ် အီရန်အစိုးရ ဖြုတ်ချဖို့ ကြိုးပမ်းတဲ့အမှုတွေမှာ အဲဒီပြစ်ဒဏ်ကို မကြာခဏ သုံးလေ့ရှိပြီး နယ်စည်းမတား သတင်းထောက်များအဖွဲ့ (RSF) က ဇမ့်အပေါ် ရုံးတင်စစ်ဆေးမှုဟာ လုံး၀ တရားမျှတမှုမရှိဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ သူဟာ ပြည်ပနိုင်ငံတစ်ခုမှာ ပြည်ပြေးအဖြစ် သွားရောက်ခိုလှုံခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်က အဖမ်းခံခဲ့ရတာပါ။ သူ့အပေါ် ချမှတ်ထားတဲ့ သေဒဏ်ကို အီရန်တရားရုံးချုပ်က အတည်ပြုခဲ့ပြီး ၄ ရက်အကြာမှာ ကွပ်မျက်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 years Ago
Up