close

ကြံခင်းမြို့နယ်

close

April 9, 2023

ကြံခင်းမြို့နယ်တွင် လမ်းပိုင်းစစ်ဆေးရေးရထား‌ ခေါင်းတွဲမီးလောင်

ဧရာဝတီ၊ ကြံခင်းမြို့နယ်၊ အောင်မြင်ကိုင်းရွာအနီး၊ မြို့ရှောင်လမ်းရှိ ပုသိမ်- ကြံခင်း- ဟင်္သာတ ရထားလမ်းပေါ်မှာ ဧပြီ ၈ ရက်၊ မနက်က လမ်းပိုင်းစစ်ဆေးရေး ရထားခေါင်းတွဲ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

ဘက်ရဲဘူတာကနေ ထွက်ခွာတဲ့ စစ်ဆေး‌ရေးရထားဟာ ကြံခင်း၊ အောင်မြင်ကိုင်းရွာအနီးရှိ မြန်အောင်- ကြံခင်းသွား မြို့ရှောင်လမ်းနဲ့ ကပ်လျက် ရထားလမ်းမှာ မနေ့မနက် ၁၀: ၁၀ နာရီလောက် စက်ခေါင်းအပူလွန်ကဲပြီး မီးလောင်ခဲ့တာပါ။

"ရထားက ဘက်ရဲဘူတာဘက်ကနေ မြန်အောင်ဘက် သွားတာ၊ စစ်ဆေးရေးရထားပါ။ တွဲခေါင်းခန်းက လောင်တာ၊ အောင်မြင်ကိုင်းမရောက်ခင် မြို့ရှောင်လမ်းဆုံနားမှာပါ။ ထိခိုက်သူတော့ မရှိပါဘူး၊ ကြံခင်းနဲ့ ဘက်ရဲက မီးသတ်ယာဉ်တွေ လာငြှိမ်းပါတယ်" လို့ မြို့ခံလူမှုကယ်ဆယ်ရေးအသင်းက ပြောပါတယ်။ 

အဆိုပါမီးလောင်မှုကို ကြံခင်း၊ ဘက်ရဲမီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအသင်းတွေ ပူးပေါင်းငြှိမ်းသတ်ခဲ့ပြီး စစ်ဆေးရေးရထားခေါင်းတွဲတစ်ခုလုံး မီးလောင်ပျက် စီးသွားကာ မနက် ၁၀:၄၀ နာရီလောက်မှာ မီးငြိမ်းသွားကာ လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။

ဧပြီ ၇ ရက် နေ့လယ် ၁: ၄၀ နာရီကလည်း ကြံခင်းမြို့ နယ်၊ ထိန်ပင်မြောင်အောက်စုကျေးရွာမှာ  မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာကြောင့် လူနေအိမ် ၄ လုံး ပျက်စီး ဆုံးရှုံးသွားပြီး မီးသတ်ယာဉ် ၃ စီးနဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

9 mins Ago

November 26, 2022

ကြံခင်းမြို့နယ်က CDM ရဲဝန်ထမ်းညီအစ်နှစ်ဦး၏ နေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်

ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးပြုလုပ်ခဲ့တဲ့ ညီအကိုရဲဝန်ထမ်းနှစ်ဦးရဲ့ နေအိမ်ကို နိုဝင်ဘာ ၂၅ ရက် နေ့လယ်မှာ စစ်ကောင်စီက ချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ရဲတပ်သား သူရိန်လင်း နဲ့ ဒုတပ်ကြပ် တာရာလင်းတို့ရဲ့ ဖခင်ဖြစ်သူ ဦးသန့်စင်နေထိုင်ရာ တလိုင်းကွင်းကျေးရွာက နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ချိပ်ပိတ်သွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

"ရဲလေးတွေနေတဲ့ အိမ်ကိုလာချိပ်ပိတ်သွားတာ။ စစ်အာဏာရှင်ဆန့်ကျင်ရေးစာတွေ ရေးလို့ဆိုပြီး ထောင်ထဲမှာ။ သူတို့ရဲ့ အဖေ ဦးသန့်စင်လည်းမရှိဘူး၊ အိမ်က ပိတ်ထားတာကြာပြီ။ အဲဒါကို PDFနဲ့ ဆက်သွယ်ပါတယ်ဆိုပြီး  စစ်တပ်၊ ရဲ၊ ထွေအုပ်နဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့က လာချိပ်ပိတ်သွားတာ။” 

လူမှုကွန်ရက်မှာ  စစ်အာဏာရှင်ဆန့်ကျင်ရေး  စာရေးသားတယ်ဆိုပြီး ရဲတပ်သား သူရိန်လင်းနဲ့ ရဲဒုတပ်ကြပ် တာရာလင်းတို့ကို  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်က ဖမ်းဆီးခဲ့သလို ဖခင် ဦးသန့်စင်ဟာလည်း  ရပ်ရွာဆူပူအောင် ပြုလုပ်တယ်အကြောင်းပြပြီး ၂၀၂၁ခုနှစ် မတ်လမှာ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့တဲ့အတွက် ရှောင်တိမ်းနေရပါတယ်။

ရဲတပ်သား သူရိန်လင်းနဲ့ ရဲဒုတပ်ကြပ် တာရာလင်းတို့ဟာ လူမှုကွန်ရက်မှာ  စစ်အာဏာရှင်ဆန့်ကျင်ရေး  စာရေးသားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပုသိမ်ထောင်မှာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံထားရပါတယ်။

4 months Ago
Up