close

ကြံ့ခိုင်ရေးပါတီရုံးဝင်း

close

April 2, 2022

ပုသိမ်ကြီးမြို့နယ် ကြံ့ခိုင်ရေးပါတီရုံးဝင်းအတွင်း ဗုံးပေါက်ကွဲ

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်ရှိ  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ရုံးဝင်းအတွင်း  ဧပြီ ၂ ရက် မနက် ၁၁ နာရီလောက်က   ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

လက်လုပ်မိုင်းနဲ့ အပြင်က ပစ်တာကြောင့် ရုံးဝင်းအတွင်း ရေကန်အနီးမှာ ကျပြီး ပေါက်ကွဲမှုဖြစ်ကာ လူထိခိုက်တာနဲ့ အဆောက်အဦး ထိခိုက်ပျက်ဆီးတာမရှိဘူးလို့ သိရပါတယ်။

“ကွဲတာက ကြံ့ဖွံ့ရုံးမှာ ကွဲတာ။ အဲ့ဒီနားမှာ အထက ကျောင်းရှိတယ်။ စာမေးပွဲရှိတော့ လမ်းလည်း ပိတ်ထားတယ်။ ထုံးစံအတိုင်း ကွဲရင် လမ်းပိတ်ပြီး စစ်တာတော့ရှိမှာပဲ။” လို့ ပုသိမ်ကြီး မြို့နယ်အတွင်း နေထိုင်သူတဦးက ပြောပါတယ်။ 

ဧပြီ ၁ ရက် မနေ့ ည ၈ နာရီခွဲ​လောက်ကလည်း မဟာအောင်မြေမြို့နယ်  ၃၆ လမ်း၊ ၆၉ လမ်း နဲ့ လမ်း ၇၀ ကြားရှိ စည်ပင်ဝန်ထမ်းအိမ်ရာမှာ လက်လုပ်ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက် ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။

2 mins Ago
Up