close

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ

close

June 4, 2021

မြန်အောင်မြို့က ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ နေအိမ်ရှေ့ ဗုံးကွဲ

ဧရာဝတီတိုင်း၊ မြန်အောင်မြို့မှာ  ဇွန်လ ၄ ရက် မနက်ပိုင်းက  ကြံခိုင်ရေးပါတီဥက္ကဋ္ဌ ဦးနေဝင်းဇော်ရဲ့ အိမ်ရှေ့မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ကြာနီကန်လမ်းရှိ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ နေအိမ်ရှေ့မှာ ဒီနေ့ မနက် နံနက် ၃ နာရီ ၅၁ မိနစ်လောက်က ဗုံး ၁ လုံးပေါက်ကွဲခဲ့ တယ်လို့ ဒေသခံတွေကပြောပါတယ်။

"မနက်အစောပိုင်းမှာဖြစ်သွားတာ လူတော့ ထိခိုက်တာမျိုး မရှိဘူး။ ကားတော့ နည်းနည်းထိသွားတယ် ကြားတယ်''လို့ ဒေသခံတဦးက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီး မိနစ်ပိုင်းအကြာမှာ အကြမ်းဖက်စစ်ကောင်စီ ရဲ့လက်နက်ကိုင်တပ်တွေရောက်ရှိလာပြီး စစ်ဆေးနေပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ မြို့ခံလူငယ်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

8 mins Ago

November 10, 2020

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး အပါအဝင် ရွေးကောက်ပွဲအနိုင်ရသူ ၂၃ ဦးစာရင်း ကော်မရှင်ထုတ်ပြန် 

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲအများစုနဲ့ အနိုင်ရ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၃ ယောက်ရဲ့ အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၁၀ ရက် ညနေ ၄  နာရီမှာ တရားဝင် အတည်ပြုထုတ်ပြန်ကြေညာလိုက်ပါတယ်။   ပြည်သူ့လွှတ်တော် -ဦးနိုင်လင်း၊ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -ဦးဌေးမြင့် မကွေးတိုင်း ၊ ပွင့်ဖြူမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -ဦးမျိုးမင်းဦး မကွေးတိုင်း ၊ ကံမမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -ဦးကျော်တင် ၊ မကွေးတိုင်း ၊ ဆောမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -ဦးကျော်ဆန်းအောင် ၊ မကွေးတိုင်း ၊ ဆိပ်ဖြူမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -ဒေါက်တာအောင်ကျော်ဦး ၊ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -ဦးသန်းဌေး၊ နေပြည်တော်  ဇေယျာသီရိမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော် -ဦးတူရယ်၊ ကယားပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၈)၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ -စောအားလ်ဒိုလ်၊ ကယားပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၉)၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ -ဦးဟဲဒွန်၊ ချင်းပြည်နယ်၊  မဲဆန္ဒနယ်အမှတ် (၄)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -ဒေါက်တာဝင်းထိန်၊ တနင်္သာရီတိုင်း၊ မဲဆန္ဒနယ်အမှတ် (၁)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် -ဦးကျော်မိုးနိုင် ၊ ပဲခူးတိုင်း ဒိုက်ဦး (၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -ဦးသူရဇော် ၊ ပဲခူးတိုင်း ဒိုက်ဦး (၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -ဒေါ်ရင်ရင်မြ ၊ မန္တလေးတိုင်း စဉ့်ကူး (၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -ဦးဆန်းဝင်းဦး ၊ မန္တလေးတိုင်း စဉ့်ကူး (၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -ဒေါ်ခင်မျိုးမြင့် ၊ မွန်ပြည်နယ်  ကျိုက်မရော (၁)  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -ဒေါက်တာ နိုင်လှအောင် ၊ မွန်ပြည်နယ် ကျိုက်မရော (၂) မွန်ညီညွတ်ရေးပါတီ  -ဦးဌေးဝင်းအောင်(ခ) ဦးပြုံးချို၊ ရန်ကုန်တိုင်း၊ ဒေါပုံ (၁)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -ဦးသန့်ဇင်၊ ရန်ကုန်တိုင်း၊ ဒေါပုံ (၂)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -ဦးခင်မောင်ဝင်း၊ ရန်ကုန်တိုင်း၊ ပုဇွန်တောင် (၁)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -ဦးတင့်လွင် ရန်ကုန်တိုင်း၊ ပုဇွန်တောင် (၂)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -စိုင်းနောင့် ရှမ်းပြည်နယ် မိုင်းပန် (၁) ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ -စိုင်းအောင်ခမ်း ရှမ်းပြည်နယ် မိုင်းပန် (၂) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ   PHOTO-U THAN HTAY
7 months Ago
Up