close

ကြွေးကြော်

close

December 6, 2022

ပါလက်စတိုင်းဈာပနတွင် အစ္စရေးဆန့်ကျင့်ရေး သံပြိုင်ကြွေးကြော်

အစ္စရေးတပ်ဖွဲ့ရဲ့ စီးနင်းတိုက်ခိုက်ခိုက်မှာ သေဆုံးသွားတဲ့ ပါလက်စတိုင်းသားတစ်ဦးရဲ့ ဈာပနကို ဒါဇင်ပေါင်းများစွာသော ပါလက်စတိုင်းပြည်သူတွေ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ 

အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းက ဝင်ရောက်စီးနင်းမှုတခုအတွင်း သေဆုံးခဲ့သူ ရဲ့ ရုပ်အလောင်းကို ဘက်လင်ဟမ်မြို့ အနီးရှိ ဘီအစ်ဂျာလာလမ်းတလျှောက် သယ်ဆောင်ကာ အစ္စရေးဆန့်ကျင်ရေး ဆောင်ပုဒ် တွေ သံပြိုင်ကြွေးကြော်ခဲ့ပါတယ်။ 

အစ္စရေးစစ်တပ်ဘက်ကတော့ လုံခြုံရေးတပ်ဖွဲ့တွေဟာ အကြမ်းဖက်သမားလို့ သံသယရှိသူ ၃ ဦး ကို ဘတ်လင်ဟမ်မြို့နားက ဒဟီရှီဒုက္ခသည်စခန်းမှာ ဖမ်းဆီးရမိခဲ့တယ် လို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးအတွင်း လုံခြုံရေးတပ်ဖွဲ့တွေကို ကျောက်ခဲတွေ၊ မီးလောင်ဗုံးတွေအပြင် ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ပါ ပါလက်စတိုင်းသားတွေက ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ပြောပါတယ်။

ပါလက်စတိုင်းဆေးဝန်ထမ်းတွေက အသက် ၂၂နှစ်အရွယ် ပါလက်စတိုင်းနိုင်ငံသား အိုမာမန်နာ သေဆုံးခဲ့တာဖြစ်ကြောင်း အတည်ပြုပါတယ်။ 

သေဆုံးသူရဲ့ ဦးလေးဖြစ်သူကလည်း အစ္စရေးတပ်ဖွဲ့တွေဟာယာဇန်မန်နာကို ဖမ်းဆီးဖို့ လာရောက်ခဲ့တာဖြစ်ပေမယ့် သူ့ကို ဖမ်းဆီးစဉ်မှာ ညီအကိုတော်စပ်တဲ့ အိုမာ  အသတ်ခံခဲ့ရတာဖြစ်တယ်လို့ ပြန်ပြောပြပါတယ်။ 

ပြီးခဲ့တဲ့မတ်လအတွင်း အစ္စရေးတပ်ဖွဲ့တွေက အနောက်ဘက်ကမ်းဒေသမှာ ပါလက်စတိုင်းတွေ အပေါ် ဖိနှိပ်ဖြိုခွင်းမှု စတင်ခဲ့ပြီး ပါလက်စတိုင်းတွေဘက်ကလည်း တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ပါတယ်။ 

11 mins Ago

May 21, 2020

ဝန်ကြီးချုပ် မူဟစ်ဒင်ယက်ဆင်ကို ဖြုတ်ချမည်ဟု မဟာသီယာ ကြွေးကြော်

မလေးရှားဝါရင့်နိုင်ငံရေးသမားကြီး ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမတ်က သူ့အနေနဲ့ လက်ရှိဝန်ကြီးချုပ် မူဟစ်ဒင်ယက်ဆင်ကို ဖြုတ်ချဖို့ နည်းလမ်းမှန်သမျှ ရှာဖွေသွားမယ်လို့ ပြောလိုက်ပါတယ်။ အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့ မဟာသီယာဟာ ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလကမှ ဝန်ကြီးချုပ်ရာထူးက ဆင်းပေးခဲ့ပါတယ်။  ဒါပေမဲ့ သူက သက်တမ်းနှစ်လခွဲသာရှိသေးတဲ့ ဝန်ကြီးချုပ်ယက်ဆင်ရဲ့ UMNO ပါတီနဲ့ ညွှန့်ပေါင်းဖွဲ့ထားတဲ့အစိုးရကို ဝေဖန်ပါတယ်။ မလေးရှားအစိုးရဟာ ဒီအပတ်အစောပိုင်းမှာပဲ မဟာသီယာက တင်သွင်းတဲ့ အယုံအကြည်မ ရှိ အဆိုကို ရှောင်ရှားခဲ့ပြီး ပါလီမန်အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးနဲ့ စီးပွားရေးကျဆင်းမှုကို ကုစားဖို့ လိုတယ်လို့ အကြောင်းပြခဲ့ပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေ အများအပြားရှိတဲ့ မလေးရှားဟာ မေလ ၂၁ ရက်အထိ COVID-19 အတည်ပြုလူနာ ၇၀၀၀ ကျော်ရှိပြီး ပြန်ကောင်းလာသူက ၅၇၀၀ ကျော်ရှိထားတယ်လို့ ရိုက်တာသတင်းက ဖေါ်ပြထားပါတယ်။ 
3 years Ago
Up