close

ကြွေးတင်သူ

close

May 6, 2022

ကျောက်ကြီးမြို့နယ်၊ မုန်းဒေသ၌ တရားမဝင် လောင်းကစားဝိုင်းများကြောင့် အကြွေးတင်သူ များလာ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်နဲ့ ‌ပြုလုပ်နေတဲ့ တရားမဝင် လောင်းကစားဝိုင်းတွေကြောင့် ဒေသခံတွေ အကြွေးနွံနစ်နေကြရပါတယ်။

မုန်းဒေသ၊ သောင်လယ်ကျေးရွာအုပ်၊ သာစည်ကျေးရွာမှာ ရွာခံတစ်ဦးက ဦးစီးပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ငွေပေးပြီး လောင်းကစားဝိုင်းပြုလုပ်နေတာပါ။

အဲဒီလောင်းကစားဝိုင်းမှာ ‌အနီထောင်ဝိုင်း၊ ဖဲဝိုင်း စတာတွေပါဝင်ပြီး အနီးနားပတ်ဝန်းကျင်က ရွာတွေလည်း လာရောက်ကစားကြပါတယ်။

အဲဒီတရားမဝင်လောင်းကစားဝိုင်းတွေကြောင့် အကြွေးတင်သူတွေအများအပြားရှိလာပြီး အိမ်ရှင်မတွေ အများစုကတော့ အဲဒီလောင်းကစားဝိုင်းတွေကို ပိတ်ပေးဖို့ တောင်းဆိုကြပါတယ်။

"သူတို့ယောက်ျားတွေသွားကစားကြတော့ ရှုံးကြတယ်လေ။ မိန်းမတွေက စိတ်ညစ်တာပေါ့။ အကြွေးတွေလည်း နစ်နေကြပြီလေ။ သူတို့က အဲ့ဒီတရားမဝင်လောင်းကစားဝိုင်းတွေကို တားမြစ်စေချင်ကြတယ်"လို့ အမည်မဖော်လိုတဲ့ မုန်းမြို့ဒေသခံတစ်ဦးကပြောပါတယ်။

နောက်ဆက်တွဲအနေနဲ့ ဒုစရိုက်မှုတွေဖြစ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်မှာ နိုင်ငံအနှံ့လောင်းကစားဝိုင်းတွေ အများအပြားပေါ်ပေါက်လာနေကာ အများစုက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ၊ နယ်မြေရဲတွေကို အခကြေးငွေပေးပြီး ပေါ်ပေါ်တင်တင် လုပ်နေကြတာဖြစ်ပါတယ်။

31 mins Ago
Up