close

ကြွေးမြီထောင်ချောက်

close

January 8, 2022

အာဖရိက “ကြွေးမြီထောင်ချောက်”စွပ်စွဲချက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ငြင်းဆို

အာဖရိကမှာ တရုတ်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဟာ ဒေသအတွက် ‘ကြွေးမြီထောင်ချောက်’ ဖြစ်မယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိကြောင်းနဲ့ လုပ်ကြံဇာတ်လမ်း ထောင်ချောက်တွေသာဖြစ်ကြောင်း  တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဝမ်ယိက ပြောပါတယ်။

ကင်ညာနိုင်ငံမှာ ကျင်းပတဲ့ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဝမ်ယိက ကင်ညာနိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲကြေညာချက်ထုတ်ရာမှာ အဲဒီလို ပြောခဲ့တာပါ။

တရုတ်နဲ့ အာဖရိက ပူးပေါင်းဆောင်ရွက်မှုဟာ ကမ္ဘာ့တောင်ဘက်ခြမ်းနှစ်ခု ပူးပေါင်းဆောင်ရွက်မှု ပုံစံဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကူညီပေးဖို့သာ ရည်ရွယ်တယ်၊ အာဖရိက နိုင်ငံရေးကိစ္စတွေထဲ ဝင်စွက်ဖက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။  

တရုတ်-ကင်ညာ ပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းအားလုံးဟာ ကင်ညာလူထုကို အကျိုးအမြတ်ဖြစ်စေမယ့် သိပ္ပံ၊ သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေပါလို့ ဆိုပါတယ်။ 

ကင်ညာမှာ တင်ရှိနေတဲ့ ကြွေးမြီအားလုံးအနက် ၈၀ ရာခိုင်နှုန်းက နိုင်ငံစုံ ဘဏ္ဍာရေး အဖွဲ့အစည်း တွေကို ပေးရမှာဖြစ်ပြီး တရုတ်ရဲ့ ကြွေးမြီမဟုတ်ဘူးလို့  ပြောပါတယ်။

နောက်ပြီး အာဖရိကမှာ ‘ထောင်ချောက်’ တစုံတရာရှိနေတယ်ဆိုရင် အဲဒါဟာ ဆင်းရဲမွဲတေမှု ထောင်ချောက်၊ နောက်ကျမှုထောင်ချောင်သာ ဖြစ်ပြီး၊ တရုတ်ကြွေးမြီထောင်ချောက် မဟုတ်ကြောင်း ဝမ်ယိက ပြောခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှု အများအပြား လက်ခံတာဟာ  ရေရှည်မှာ တရုတ်ကြွေးမြီ ထောင်ချောက်ထဲ ‌သက်ဆင်းခဲ့ရတဲ့ နိုင်ငံအများအပြားရှိကြောင်း စီးပွားရေးပညာရှင်တွေက သတိပေးလေ့ရှိပါတယ်။

6 mins Ago
Up