close

ကွင်းကျောင်းလမ်း

close

February 2, 2022

အလုံမြို့နယ်တွင် စစ်တပ်ပိုင် Mytel ရုံး ဗုံးကွဲ၊ မီးလောင်

ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကွင်းကျောင်းလမ်းမှာရှိတဲ့ စစ်တပ်ပိုင် Mytel ရုံးမှာ  ဖေဖော်ဝါရီ ၂ ရက် မနက် ၅ နာရီ ဝန်းကျင်က ဗုံး ၂ လုံးပေါက်ကွဲပြီး မီးလောင်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

" အုံး အုံး ဆိုပြီး ဗုံးသံနှစ်ချက်ကြားပြီးတော့ မီးထလောင်တာပဲ။ မီးသတ်ကားတွေက ချက်ချင်းတော့ ရောက်လာကြတယ်။ ၁၀ မိနစ် ၁၅မိနစ်ကြာ မီးငြိမ်းတော့ ငြိမ်းသွားတယ်။ လူအထိအခိုက်တော့ မရှိဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ဆင်မင်းရပ်ကွက် ကွင်းကျောင်းလမ်းမှာ  ဒီမနက် ၄ နာရီ ၅၉ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး မနက် ၅ နာရီ ၁၀ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းကလည်း အလုံမြို့နယ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရုံးဝင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

2 mins Ago
Up