ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်စျေးနှုန်းကို ဖီဖာကထုတ်ပြန်ခဲ့ရာမှာ စျေးနှုန်းမြင့်မားမှုကြောင့် ပရိသတ်တွေက ဝေဖန်နေကြပါတယ်။
ကာတာကမ္ဘာ့ဖလားလက်မှတ်စျေးနှုန်းကို ၄ မျိုးခွဲခြားထားပေမယ့် စျေးအချိုဆုံးဖြစ်တဲ့ စတုတ္ထတန်းလက်မှတ်တွေကိုတော့ ကာတာနိုင်ငံမှာနေထိုင်တဲ့သူတွေသာ ဝယ်ယူကြည့်ရှုခွင့်ရမှာပါ။
တခြားတန်းတွေမှာတော့ ပြီးခဲ့တဲ့ ၂၀၁၈ရု ရှား ကမ္ဘာ့ဖလားထက် လက်မှတ်စျေနှုန်း မြင့်မားခဲ့တာကြောင့် ဥရောပ ပရိသတ်အဖွဲ့အစည်းတွေက ဝေဖန်ခဲ့ပါတယ်။
အထူးသဖြင့် ဖွင့်ပွဲလက်မှတ်နဲ့ ဗိုလ်လုပွဲလက်မှတ်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားထက် ၄၆ ရာခိုင်နှုန်းပိုပြီးစျေးကြီးခဲ့တာပါ။
ပြိုင်ပွဲဖွင့်ပွဲစဉ်လက်မှတ်တစ်စောင်ကို အမေရိကန်ဒေါ်လာ ၆၁၈၊ ၄၂၀ နဲ့ ၃၀၂ ဒေါ်လာအထိ သတ်မှတ်ထားပါတယ်။
အုပ်စုအဆင့်ပွဲစဉ်တွေမှာ ကန်ဒေါ်လာ ၆၉ ကနေ ၂၂၀ ဒေါ်လာအထိရှိပြီး ၁၆ သင်းအဆင့်မှာ ၉၆ ဒေါ်လာကနေ ၂၇၅ဒေါ်လာအထိ ရှိပါတယ်။ ကွာတားဖိုင်နယ်လက်မှတ်တစ်စောင်ကို ကန်ဒေါ်လာ ၁၇၅ ကနေ ၄၂၆ ဒေါ်လာအထိရှိကာ ဆီမီးဖိုင်နယ်မှာတော့ ကန်ဒေါ်လာ ၉၅၆ ကနေ ၃၅၇ အထိရှိပါတယ်။ ဗိုလ်လုပွဲလက်မှတ်တစ်စောင်ကို ကန်ဒေါ်လာ ၁၆၀၇ ကနေ ၆၀၄ ဒေါ်လာအထိရှိပါတယ်။
ဒါက ၂၀၁၄ ရုရှားကမ္ဘာ့ ဖလားထက် သိသိသာသာပိုများပြီး ၄၆ ရာခိုင်နှုန်းပိုစျေးကြီးခဲ့တာပါ။ ဥရောပ ပရိသတ်အဖွဲ့စည်းတွေကတော့ ကာတာ ကမ္ဘာ့ဖလားကို ကမ္ဘာ့လက်မှတ်စျေးအကြီးဆုံး ပြိုင်ပွဲအဖြစ် ဝေဖန်ခဲ့ကြပါတယ်။