close

ကွတ်ခိုင်မြို့နယ်

close

December 19, 2021

ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အနီးမှာ ဒီဇင်ဘာ ၁၈ ရက် ည ၇ နာရီလောက်က ကေအိုင်အေ၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

“ည ၆ နာရီ ၅၀ မိနစ်လောက်ကစ ကွတ်ခိုင်မှာ လက်နက် အကြီး အသေး နှစ်ဘက် ပစ်ခတ်သံတွေ ဆူညံနေတယ်။ တိုးဂိတ်ဝန်းကျင်နဲ့ လွယ်အွန် စဖြူးဘက်ခြမ်းလို့ ထင်တယ်။ ၇ နာရီ ၁၀ မိနစ်လောက်ထိ။ ဗျူဟာကုန်းဘက်လည်း ကြားတယ်။ ရပ်ကွက် ၁ မှာ” လို့ ဒေသခံတဦးက ပြောပါတယ်။

ကေအိုင်အေ တပ်မဟာ ၆ တပ်ရင်း ၉ နဲ့ PDF ပူးပေါင်းပြီး ကွတ်ခိုင် စစ်ကောင်စီတပ် ဗျူဟာကုန်းကို သွားရောက်တိုက်ခိုက်ခဲ့ပြီး တချိန်တည်းမှာ Asia World တိုးဂိတ်ကိုလည်း ကေအိုင်အေက ပစ်ခတ် တိုက်ခိုက်ခဲ့ကာ ပြန်လည်ဆုတ်ခွာသွားရာ စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကွတ်ခိုင်မှာ တိုက်ပွဲဖြစ်နေတယ်။ အေးရှားဝေါ တိုးဂိတ်ကို လာပစ်တယ်။ အဲမှာ မီးလှုံနေကြတာကို လာပစ်တာ။ ‌တော်တော်ဆိုးတယ်၊ ကျည်ဆန်တောင် လွင့်လာတယ်။ အဲဒီမှာ စစ်သားတွေ ရှိတယ်လေ” လို့ ဒေသခံက ပြောပါတယ်။ 

Asia World တိုးဂိတ်က ဝန်ထမ်း ၂ ဦး ထိခိုက် ဒဏ်ရာရတာကြောင့် ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ကူညီရာမှာ ပါဝင်သူတဦးက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ EAO ပူး​ပေါင်းအဖွဲ့တွေက ကွတ်ခိုင်မြို့၊ ရပ်ကွက် ၁ အတွင်းရှိ စစ်ကောင်စီ တပ်ရင်း ၁ ခုကို အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး ကွတ်ခိုင်နဲ့ တာမိုးညဲ နယ်နိမိတ်ကြားရှိ နမ့်မလန် တောင်ကြားလမ်းကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ရင်း အင်အား ၈၀ ခန့်ကို သိန္နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောက်ကျားအဖွဲ့ ၃ နှင့် EAOs တို့ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်တွေ နမ့်စလပ်ဘက်သို့ ဆုတ်ခွာသွားကြောင်း သိန္နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ကွတ်ခိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့၊ TNLA မြောက်ပိုင်းမဟာမိတ်အဖွဲ့၊ ကေအိုင်အေအဖွဲ့တို့ လှုပ်ရှားသွားလာနေတာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ မကြာခဏ ထိတွေ့ တိုက်ပွဲဖြစ်ပွားနေတာပါ။

13 mins Ago

November 12, 2021

ကွတ်ခိုင်မြို့နယ် မုဒိမ်းမှု စစ်ကောင်စီတပ် ဝန်ခံ၊ ထိရောက်ပြင်းထန်စွာ အရေးယူမည်ဟုဆို

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်မှာ  ဒေသခံ အမျိုးသမီးကြီး တစ်ယောက်ကို စစ်ကောင်စီတပ်သားတယောက်က အဓမ္မပြုကျင့်ခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က နိုဝင်ဘာ ၁၁ ရက်မှာ သတင်းထုတ်ပါတယ်။

ပြစ်မှုကျူးလွန်ခဲ့တဲ့  စစ်သည်ကို စစ်စည်းကမ်းအရ အရေးယူ နိုင်ရေးဖို့အတွက် အများပြည်သူရှေ့မှောက် တရားစီရင်မှု (Open Court) စစ်တရားရုံးနဲ့ ပွင့်လင်းမြင်သာစွာ အမြန်ဆုံးစစ်ဆေးသွားမှာဖြစ်ပြီး ပြစ်မှုကျူးလွန်သူကို ထိရောက်ပြင်းထန်စွာ အရေးယူသွားမယ်လို့ လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ကွတ်ခိုင်မြို့နယ်၊ ဖာခတ်ကျေးရွာရှိ အမျိုးသမီးတယောက်ကို  စစ်သည်တယောက်က အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့မှုကို အရေးယူပေးစေလိုကြောင်း ဒေသခံတချို့က တိုင်ကြားလာတဲ့အတွက်  သက်ဆိုင်ရာနယ်မြေသို့ တာဝန်ရှိတွေ စေလွှတ် စုံစမ်းဖော်ထုတ် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

စိစစ်ဖော်ထုတ်ချက်အရ နိုဝင်ဘာ ၇ ရက် နေ့လယ် ၂ နာရီလောက်က တပ်သားအဆင့်ရှိ မင်းမင်းစိုး၊ ကျော်မျိုးဝေနဲ့ မိုးဝင်း တို့သုံးယောက်ဟာ အခြေပြုနေရာမှ သောက်သုံးရေသွားရောက် ခပ်ယူစဉ် ရေဆိပ် အနီးရှိ တောင်ယာတဲအတွင်းမှ ခြံစောင့် အမျိုးသမီးတယောက်ကို  တပ်သား မင်းမင်းစိုး က အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း ကနဦးဖော်ထုတ် သိရှိခဲ့တယ်လို့  စစ်တပ်သတင်းထုတ် ပြန်ချက်ကဆိုပါတယ်။

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်ကျေးရွာအုပ်စု၊ အဝေးပြေးလမ်းမဘေး ဖာခေတ်ကျေးရွာက  အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကြီး တယောက်ကို စစ်ကောင်စီတပ် ခလရ ၃၃၆ မှ တပ်သား တယောက်က နိုဝင်ဘာ ၇ ရက် နေ့ မွန်းလွဲပိုင်းက အဓမ္မပြုကျင့်ခဲ့တာလို့ ဒေသတွင်းသတင်းတွေမှာ ရေးပါတယ်။  

အခင်းဖြစ်ပွားတဲ့ ခြံမှာ အမျိုးသမီး ၃ ယောက် ခြံစောင့်နေကြတာဖြစ်ပြီး  အမျိုးသမီး၂ ယောက်က အနီးနား မိတ်ဆွေအိမ်သို့ အလည်အပတ်သွားနေတဲ့အတွက် အမျိုးသမီးကြီး တယောက်တည်း  ရှိနေစဉ် စစ်ကောင်စီ တပ်သား ၃ ယောက်ရောက်ရှိလာကာ အဓမ္မပြုကျင့်ခဲ့တာလို့လည်း ကချင် သတင်းတွေမှာ ဖော်ပြပါတယ်။

1 month Ago
Up