close

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ

close

October 31, 2022

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဂီတဖျော်ဖြေပွဲတွင် လူ ၁၁ ဦး သေဆုံး

အာဖရိက အလယ်ပိုင်းရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ  အာဖရိကန်အဆိုတော် ဖလ်လီအီပူပါရဲ့ အောက်တိုဘာ ၂၉ ရက် ဖျော်ဖြေပွဲမှာ လူတွေတိုးကြိတ် နင်းမိပြီး အနည်းဆုံး   ၁၁ ဦး သေဆုံးခဲ့လို့ ပြည်ထဲရေးဌာနက ပြောပါတယ်။

မြို့တော်ကင်ရှာဆာရှိ လူ ၈၀,၀၀၀ ဆန့်တဲ့ အာဇာနည် အားကစားကွင်းကြီးထဲမှာ လူသိများထင်ရှားတဲ့ အာဖရိကန် အဆိုတော် ဖလ်လီအီပူပါရဲ့ ဖျော်ဖြေပွဲကို ပရိတ်သတ်တွေ အများလာရောက် ကြည့်ရှုခဲ့ရာက လူတွေပိတ်မိတိုးမိပြီး ထိခိုက်သေဆုံးခဲ့တာဖြစ်ပါတယ်။ 

ပြည်ထဲရေး ဝန်ကြီး ဒန်နီရယ်လ် အဆီလိုအိုကီတိုကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပွဲစီစဉ်သူတွေကို ပြစ်တင်လိုက်ပြီး  လူ ၈၀၀၀၀ ဆန့်တဲ့ အားကစားရုံမှာ သူ့ခံနိုင်စွမ်းထက် ၁၀၀ ရာခိုင်နှုန်းထက် ကျော်လွန်သွားခဲ့ကြောင်းနဲ့ လူတွေတိုးမိပြီး ရဲတပ်ဖွဲ့ဝင် ၂ ယောက်အပါအဝင် ၁၁ ယောက် သေဆုံးသွားတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။  

လူ့အသက်တွေ ဆုံးရှုံးခဲ့ရမှုအတွက် ပွဲစီစဉ်သူဟာ အပြစ်ပေးခံရမယ်လို့လည်း ပြောကြားလိုက်ပါတယ်။

ကင်ရှာဆာမြို့သား အဆိုတော် အီပူပါရဲ့  ဖျော်ဖြေပွဲမတိုင်ခင် အားကစားကွင်းအပြင်ဘက် လမ်းတွေပေါ်မှာ စုဝေးနေသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်လူစုခွဲခဲ့ပါတယ်။

5 mins Ago

June 1, 2022

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံက စစ်ဘေးဒုက္ခသည်များ စားနပ်ရိက္ခာအခက်ကြုံ

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံက ပြည်တွင်းစစ်ပြေး ဒုက္ခသည်တွေဟာ စားနပ်ရိက္ခာအခက်ကြုံ နေရတယ်လို့ မေလ ၂၈ ရက်မှာ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

စစ်တပ်နဲ့ M23 သူပုန်အုပ်စုတွေကြား တိုက်ပွဲတွေကြောင့် သီတင်းပတ်တပတ်အတွင်း လူ ၇၂၀၀၀ ကျော်အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။

ကွန်ဂိုအရှေ့ပိုင်း သူပုန်အုပ်စု M23 ဟာ ကျေးလက်ဒေသ အနှံ့အပြားကို သိမ်းပိုက်ထားပါတယ်။ နိုင်ငံရှေ့ပိုင်းကအဓိကမြို့ဖြစ်တဲ့ ဂိုမာမြို့နဲ့ ၁၂ မိုင်အကွာမှာ အကြီးအကျယ်တိုက်ပွဲ ဖြစ်နေပြီး သူပုန်တွေက စစ်တပ်ရဲ့ ဒေသအတွင်း အကြီးဆုံးအခြေစိုက်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ကွန်ဂိုနိုင်ငံမှာ ပြည်တွင်းစစ်ပြေး ဒုက္ခသည်တွေ ၅ ဒသမ ၆သန်း ရှိပြီး အာဖရိကမှာ အများဆုံးအဖြစ် ကုလသမဂ္ဂက စာရင်းသွင်း ထားပါတယ်။

5 months Ago
Up