ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူးနတ်ခ်က ကွန်ဆာဗေးတစ်ပါတီဥက္ကဋ္ဌ နာဒင်းမ်ဇာဟာဝီကို ဇန်နဝါရီ ၂၉ ရက်မှာ အစိုးရအဖွဲ့ကနေ ထုတ်ပယ်ခဲ့ပါတယ်။
ဇာဟာဝီရဲ့ အခွန်ကိစ္စကို လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးအပြီး ဝန်ကြီးဌာနဆိုင်ရာ ကျင့်ဝတ်စည်းကမ်းကို ပြင်းပြင်းထန်ထန် ချိုးဖောက်ထားတာ တွေ့ရှိခဲ့အပြီးမှာ ခုလို ထုတ်ပယ်ခဲ့တာပါ။
“လွတ်လပ်တဲ့ အကြံပေးအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအပြီး ကျနော်တို့နှစ်ဦးစလုံးနဲ့ မျှဝေခဲ့တဲ့ တွေ့ရှိချက်တွေက ဝန်ကြီးများရုံးကျင့်ထုံးကို ပြင်းပြင်းထန်ထန် ချိုးဖောက်ထားတာ ထင်ရှားပါတယ်” လို့ ဆူးနတ်ခ်က ဇာဟာဝီထံပေးတဲ့ စာတစောင်ထဲမှာ ပြောထားပါတယ်။
ရလဒ်အနေနဲ့ ဘုရင်မင်းမြတ်ရဲ့ အစိုးရအဖွဲ့ထဲကနေ နာဒင်းမ်ဇာဟာဝီကို ရာထူးကနေ ဖယ်ရှားဖို့ ဆုံးဖြတ်ချက်ကို အကြောင်းကြားထားတယ်လည်း စာထဲမှာ ဖော်ပြထားပါတယ်။