close

ကွန်ဆာဗေးတစ်ပါတီ

close

June 24, 2022

ဗြိတိန် ကြားဖြတ်ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ပါတီ နှစ်နေရာရှုံးနိမ့်

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ ဇွန် ၂၄ ရက်က ကြားဖြတ်ရွေးကောက်ပွဲမှာ အမတ် ၂ နေရာ ရှုံးနိမ့်ခဲ့ပြီးနောက် သူ့တာဝန် ဆက်ယူသွားမှာဖြစ်ပြီး လူနေမှုစရိတ် အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ ပိုမိုလုပ်ဆောင်သွားမယ်လို့ ကတိပြု ပြောကြားသွားပါတယ်။

ပါလီမန်အမတ် ၂ နေရာ ဆုံးရှုံးတာဟာ ကွန်ဆာဗေးတစ်ပါတီအတွက် ခပ်ပြင်းပြင်း ထိုးနှက်ချက်တခုဖြစ်ပြီး ပါတီဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်တာနဲ့ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ အချက်ပြတဲ့ သံသယတွေလည်း ပြင်းထန်လာပါတယ်။

ကွန်ဆာဗေးတစ်တွေကို မျိုးဆက်ပေါင်းများစွာ မဲပေးခဲ့ကြတဲ့ အင်္ဂလန် အနောက်တောင်ပိုင်းရှိ Tiverton နဲ့ Honiton ဒေသတွေကို ဗဟိုဝါဒီ လစ်ဘရယ်ဒီမိုကရက်တွေက အနိုင်ရသွားတာဖြစ်ပြီး ၂၀၁၉ ခုနှစ်တုန်းက ဂျွန်ဆင် နိုင်ခဲ့တဲ့ အင်္ဂလန်မြောက်ဘက်ရှိ နယ်မြေ Wakefield ကို အဓိကအတိုက်အခံ လေဘာပါတီက ပြန်အနိုင်ယူသွားတာပါ။

အဲဒီရွေးကောက်ပွဲတွေမှာ ဝန်ကြီးချုပ် ဂျွန်ဆင်ရဲ့ ခေါင်းဆောင်မှုနဲ့ ကျင့်ဝတ်ဆိုင်ရာတွေကို မေးခွန်းထုတ်ခဲ့ကြပါတယ်။

ရှုံးနိမ့်မှုကြုံရအပြီး ကွန်ဆာဗေးတစ်ပါတီဥက္ကဋ္ဌ Oliver Dowden နုတ်ထွက်သွားပြီး သူ့ရဲ့နုတ်ထွက်စာထဲမှာ ဝန်ကြီးချုပ် ဂျွန်ဆင်လည်း ရွေးကောက်ပွဲရှုံးနိမ့်မှုအတွက် တာဝန်ယူသင့်ကြောင်း ဂရုတစိုက် စာစီရေးသားပြီးတော့ အရိပ်အမြွက် ပြောကြားထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ကွန်ဆာဗေးတစ် လွှတ်တော်အမတ်တွေ ရာထူးက နုတ်ထွက်ရတာဟာ တဦးက ပါလီမန်မှာ ညစ်ညမ်းရုပ်ပုံတွေကို ကြည့်ရှုခဲ့ကြောင်း ဝန်ခံခဲ့ပြီး နောက်တဦးကတော့ ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။

ဂျွန်ဆင်ကတော့ ကိုဗစ်ကာလအတွင်း ဒေါင်းနင်းလမ်းရှိ ရုံးမှာ လော့ခ်ဒေါင်းစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ကနေ ဒဏ်ရိုက်ခံရသူတွေထဲက တဦးဖြစ်ပြီး သူဟာ ရာထူးရှိနေချိန်မှာ ဥပဒေကို ချိုးဖောက်ခဲ့တဲ့ ပထမဆုံးဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

13 hours Ago

December 13, 2019

ဗြိတိန်အထွေထွေရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် အနိုင်ရ

ဗြိတိန်အထွေထွေရွေးကောက်ပွဲမှာ လက်ရှိဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ ကွန်ဆာဗေးတစ်ပါတီက မဲအသာစီးနဲ့ အနိုင်ရခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။  ဒီဇင်ဘာ ၁၂ရက်နေ့က ကျင်းပတဲ့ ဗြိတိန်ရွေးကောက်ပွဲ လက်ရှိမဲရလဒ်အရ လွှတ်တော်အမတ်နေရာ စုစုပေါင်း ၆၅၀ ရှိတဲ့အနက် ကွန်ဆာဗေးတစ်ပါတီဟာ ၃၆၈ နေရာ အနိုင်ရထားတာပါ။  ဒါဟာ မာဂရက်သက်ချာ ရွေးကောက်ပွဲ အောင်နိုင်ခဲ့တဲ့ ၁၉၈၇ခုနှစ် ကတည်းက ကွန်ဆာဗေးတစ်ပါတီရဲ့ အကြီးမားဆုံး ရွေးကောက်ပွဲ အောင်မြင်မှုလည်း ဖြစ်ပါတယ်။  အတိုက်အခံ လေဘာပါတီက အမတ်နေရာ ၂၀၃ နေရာ၊ စကော့တလန်အမျိုးသားပါတီက ၄၈ နေရာနဲ့ လစ်ဘရယ်ဒီမိုကရက်ပါတီက ၁၁ နေရာရရှိထားတယ်လို့ လက်ရှိမဲရလဒ် စာရင်းတွေက ဖော်ပြပါတယ်။  မဲအသာစီးရလဒ်တွေ ထွက်လာပြီးနောက် ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကွန်ဆာဗေးတစ်ပါတီရုံးချုပ်ကို ရောက်လာတဲ့ ရုပ်သံဖိုင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။  ဘရဲဆစ်အရေး သဘောတူညီချက်မရလို့ ဇူလိုင်လမှာ ထရီဆာမေ ရာထူးကနုတ်ထွက်အပြီး ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဘောရစ်ဂျွန်ဆင်ဟာ ဒီဇင်ဘာလမှာ ရွေးကောက်ပွဲ ပြန်ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။  ကွန်ဆာဗေးတစ်ပါတီရဲ့ အနိုင်ရလဒ်ကြောင့် ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံ တရားဝင် နုတ်ထွက်ရေးအစီအစဉ်ကို သတ်မှတ်ရက်အတိုင်း ၂၀၂၀ ဇန်နဝါရီ ၃၁ ရက်နေ့မှာ လုပ်ဆောင်သွားမယ်လို့ ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။ 
3 years Ago
Up