သူ့ရဲ့အမည်ကို သီချင်းလုပ်ဆိုပြီး အားပေးခဲ့ကြတဲ့ စပါးပရိသတ်တွေကိုမေ့ဖျောက်နိုင်မှာမဟုတ် ကြောင်း နည်းပြကွန်တီက နှုတ်ဆက်စကားဆိုသွားပါတယ်။
စပါးအသင်းဟာ နည်းပြကွန်တီကို ထုတ်ပယ်ခဲ့တာဖြစ်ပေမဲ့ ညှိနှိုင်းပြီးနောက် နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာလို့ သတင်းထုတ်ပြန်ခဲ့တာပါ။
နည်းပြကွန်တီကတော့ စပါးအသင်းကတာဝန်ရှိသူတွေကို ကျေးဇူးတင်ပြီး ဘောလုံးနည်းပြ တစ်ဦးအနေနဲ့ ပြင်းပြတဲ့နေထိုင်မှုပုံစံတွေနဲ့ စိတ်ထက်သန်မှုတွေကို အတူမျှဝေခဲ့ကြတယ်လို့ နည်းပြကွန်တီက ဆိုရှယ်မီဒီယာကနေ ရေးသားခဲ့ပါတယ်။
ဒါ့အပြင် သူ့ရဲ့အမည်ကို သီချင်းလုပ်ဆိုကာ အားပေးခဲ့ကြတဲ့ စပါးအသင်းပရိသတ်တွေကိုလည်း ကျေးဇူးတင်ပြီး မေ့ဖျောက်နိုင်မှာ မဟုတ်ကြောင်း ကွန်က နှုတ်ဆက်စာမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။
စပါးအသင်းနဲ့ ခရီးလမ်းဟာ အတူတကွ အဆုံးသတ်သွားပြီဖြစ်ပြီး အနာဂတ်မှာ အောင်မြင်မှုတွေရရှိပါစေကြောင်း ကွန်တီက သူ့ရဲ့နှုတ်ဆက်စာမှာရေးသားခဲ့ပါတယ်။
စပါးအသင်းနည်းပြကွန်တီဟာ သည်းခြေအိတ်ရောင်ရမ်းတာ စစ်ဆေးတွေ့ရှိပြီးနောက် ခွဲစိတ် ဖယ်ရှားခဲ့ရပြီး ပြန်လည်သက်သာလာပြီလို့သိရပါတယ်။
ကနဦးမှာ ဗိုက်နာတာကနေတဆင့် အရေးပေါ် ဆေးကုသခဲ့ရပြီးနောက် ယောင်ယမ်းနေတဲ့ သည်းခြေအိတ်ကို ခွဲထုတ်ခဲ့ရတာဖြစ်ပြီး ပြန်လည်ကောင်းမွန်လာဖို့ တသင်းစလုံးက ဆန္ဒပြုကြောင်း စပါးအသင်းကလည်း တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။
စပါးနည်းပြကွန်တီကတော့ ခွဲစိတ်မူလုပ်နေစဉ်မှာ ဆုတောင်းပေးခဲ့ကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ရှိပြီး လက်ရှိအချိန်မှာ ပြန်လည်သက်သာနေပြီဖြစ်ကြောင်း၊ ပုံမှန် အတိုင်းပြန်ဖြစ်ဖို့ လုပ်ဆောင်ရမှာဖြစ်ပြီး အသင်းသားတွေနဲ့ ပြန်ဆုံဖို့ မစောင့်နိုင်တော့ကြောင်း အင်စတာဂရမ်ကနေ အသိပေးခဲ့ပါတယ်။
စပါးအသင်းဟာ ဒီတစ်ပတ်တနင်္ဂနွေနေ့မှာ မန်စီးတီးအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး နည်းပြချုပ် ကွန်တီကိုင်တွယ်ဖို့မရှိတာကြောင့် လက်ထောက်နည်းပြ စတယ်လီနီက တာဝန်ယူကိုင်တွယ်သွားဖို့ရှိပါတယ်။