close

ကွမ်ကျိုး

close

June 1, 2021

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးတွင် ကိုဗစ်-၁၉ ကူးစက်မှု ရုတ်တရက်မြင့်တက်လာ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံပြည်နယ်ရဲ့ မြို့တော် ကွမ်ကျိုးမှာ မေ ၃၁ ရက်က ကိုဗစ်-၁၉  ကပ်ရောဂါကူးစက်မှု ရုတ်တရက် မြင့်တက်လာတယ်လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။

အသစ် ကူးစက်ခံရသူ  ၁၈ ယောက်က ကွမ်ကျိုးက ဖြစ်ပြီး နောက် ၂ ယောက်က ဖှိုရှန်းမြို့ကလို့ ဆိုပါတယ်။

ဒေသတွင်း ရောဂါကူးစက်မှုတွေကြောင့် လေကြောင်းခရီးစဉ် တချို့ကို ဖျက်သိမ်းထားပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ဖို့ ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ချက်အနေနဲ့ အာဏာပိုင်တွေက ကွမ်ကျိုးမြို့က ရပ်ကွက်တခုကို မတ်လ ၂၉ရက်က စပြီး အသွားအလာ ပိတ်ဆို့ ကန့်သတ်ထားပါတယ်။

ဒေသခံတွေကို ဗိုင်းရပ်စ် ကူးစက်ခံ ဟုတ်၊ မဟုတ် ဆေးစစ်နေပြီး တချို့က ကာကွယ်ဆေး အထိုးခံနေတဲ့ ပုံတွေကို တရုတ်အစိုးရ ရုပ်သံ CCTV က  ပြသခဲ့ပါတယ်။

5 mins Ago
Up