close

ကွမ်းသီးခြံလုပ်သား

close

May 2, 2023

မောတောင်မြို့နယ်၌ ကွမ်းသီးခြံလုပ်သား သားအမိ ၂ ဦး ပစ်သတ်ခံရ

တနင်္သာရီတိုင်း၊ မောတောင်မြို့ အမှတ် (၈) ကျေးရွာမှာ  ဧပြီ  ၃၀ ရက်က  ကွမ်းသီးခြံအလုပ်သမား သားအမိနှစ်ယောက်  သေနတ်နဲ့  ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဆိုပါ သားအမိနှစ်ယောက်ကို  အမည်မသိ လက်နက်ကိုင်အဖွဲ့ကနေ လာရောက် ပစ်ခတ်ခဲ့လို့ နေရာမှာပဲ  သေဆုံးခဲ့တယ်လို့သိရပြီး  အိမ်တွင်းရေးကိစ္စကြောင့် အခုလို ပစ်သတ်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက "ဘယ်အဖွဲ့ကနေ လာပစ်သွားလဲဆိုတာမသိသေးဘူး။ သားအမိ နှစ်ယောက်စလုံးတော့ ပွဲချင်းပြီး သေသွားတယ်"လို့ ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး  ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း သူတို့လုပ်ဆောင်ခဲ့တာ မဟုတ်ဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ဧပြီလကလည်း ချောင်းလမုကျေးရွာက ဒေသခံ တယောက်ကို အမည်မသိလူ တယောက်က အိမ်ရှေ့မှာ လာရောက် ပစ်ခတ်သွားခဲ့ပါတယ်။

တနင်္သာရီမြို့နယ်မှာ အခုနှစ် ဇန်နဝါရီလက‌နေစပြီး အရပ်သားအချင်းချင်း လုပ်ကြံသတ်ဖြတ်မှုတွေ တဖြည်းဖြည်းအကြိမ်ရေ ပိုစိပ်လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

13 mins Ago
Up