close

ကွမ်းသီးနှင့်ရာဘာ

close

May 31, 2021

ရေးမြို့နယ်တွင် ကွမ်းသီးနှင့်ရာဘာဈေးကောင်း၊ ဒူးရင်းသီးနှင့် သံပုရာသီး တွက်ခြေမကိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အခုလအတွင်း ကွမ်းသီး ဈေးတွေ ဈေးကောင်း ရရှိကြတယ်လို့ ကွမ်းသီးစိုက်တောင်သူတွေက ပြောပါတယ်။

အရင် လေးလလောက်က  ရေးကွမ်းသီး ဒေသပေါက်ဈေး ၁ ပိဿာမှာ ကျပ် ၃၀၀၀ ကျော်ရပြီး အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း ကွမ်းသီး ဈေးတွေ တဖြည်းဖြည်းနဲ့ မြင့်တက် လာတော့ အခုဆိုရင် ပေါက်ဈေးမှာ ကျပ်  ၇၈၀၀ ကျပ်အထိ ဈေးကောင်းတယ်လို့  ဒေသခံ ခြံရှင်တွေက ပြောပါတယ်။

ကွမ်းသီး ဈေးတွေ ဈေးကောင်း ရရှိလာခဲ့သလို  ရာဘာဈေးတွေက ရာဘာ ၁ပေါင်မှာ ပုံမှန်ဈေး ၆၀၀ ကျပ် ဝန်းကျင်မှာ ရှိပြီး အခု ကျပ် ၇၅၀  အထိ ရရှိကြတယ်လို့ ရာဘာခြံသမားတွက ပြောပါတယ်။

ကွမ်းသီးနဲ့ ရာဘာဈေးတွေ ဈေးကောင်းလာ ပေမယ့် ရာသီပေါ် ဒူးရင်းသီးနဲ့  သံပုရာသီး ဈေးတွေက ဈေးတွေ တဖြည်းဖြည်းနဲ့ထပ်မံ ကျဆင်းလာနေတော့ ဒူးရင်းသီးနဲ့ သံပုရာသီး ခြံရှင်တွေ က တွက်ခြေမကိုက်ကြဘူးလို့ ဆိုပါတယ်။

5 mins Ago
Up