close

ကွာရန်တင်းစည်းမျဉ်း

close

August 28, 2021

ကွာရန်တင်းစည်းမျဉ်းချိုးဖောက်သည့် အာဂျင်တီးနားသမ္မတ တရားစွဲခံရ

အာဂျင်တီးနားသမ္မတ အယ်လ်ဘာတိုဖာနန်ဒက်ဇ်ကို မဖြစ်မနေလိုက်နာရမယ့် ကွာရန်တင်း စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အစိုးရရှေ့နေတွေက တရားစွဲထားတယ်လို့ သြဂုတ် ၂၇ ရက်က ဒေသမီဒီယာ တွေမှာ ဖော်ပြထားပါတယ်။ 

သမ္မတနဲ့ သူ့ဇနီးတို့ဟာ မနှစ်က မိတ်ဆွေတွေနဲ့အတူ မွေးနေ့ပွဲကျင်းပတုန်းက ကွာရန်တင်းစည်းကမ်းချက်တွေကို ချိုးဖောက်တာလို့ ဆိုပါတယ်။ 

အာဂျင်တီးနားနိုင်ငံမှာ ကူးစက်ကပ်ရောဂါဘေးကို ကိုင်တွယ်ရာမှာ နိုင်ငံအများစုမှာထက် ပိုပြီးတင်းကျပ်တဲ့ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာကြောင့် ကွာရန်တင်း စည်းကမ်းချက် ချိုးဖောက်တဲ့ သမ္မတဖာနန်ဒက်ဇ်ကို တရားစွဲမှုဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေက သတင်းခေါင်းကြီးပိုင်းတွေ ဖြစ်ခဲ့တာပါ။ 

မနှစ်က ဇူလိုင်လမှာ သမ္မတကတော် ဖာဘီအိုလာယာနက်ဇ်ရဲ့ မွေးနေ့ပါတီပွဲ မကျင်းပခင်မှာပဲ သမ္မတဖာနန်ဒက်ဇ်ဟာ ပြည်သူတွေကို လူမှုရေးစုဝေးမှုအားလုံးကိုမလုပ်ဖို့ သူကိုယ်တိုင် တားမြစ်ခဲ့ပါတယ်။ 

သူ့ဇနီးရဲ့မွေးနေ့မှာ သမ္မတအိမ်ကို လာရောက်သူစာရင်းကို တောင်းခံလို့ အကုန်ဖြည့်ပေးထားပြီး တယောက်မှ ကူးစက်မှုမခံရဘူးလို့ ဖာနန်ဒက်ဇ်က ပြောပါတယ်။

ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်ခဲ့သလို ဒါကို ဖုံးကွယ်မထားခဲ့ဘူးလို့လည်း ဆိုပါတယ်။ ကြာသပတေးနေ့အစောပိုင်းမှာ သမ္မတ ဖာနန်ဒက်ဇ်ဟာ အမှုကို ပါဝင်ကြားနာခဲ့ပြီး အမှုဖြေရှင်းဖို့ ဒဏ်ငွေပေးဆောင်မယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။  

2 mins Ago
Up