close

ခန့်စည်သူ

close

June 7, 2021

ဝါရင့်သရုပ်ဆောင် ဦးဇင်ဝိုင်း လွတ်မြောက်၊ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌတာဝန်မှ ခန့်စည်သူ နုတ်ထွက်

ဝါရင့်ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဇင်ဝိုင်းဟာ ဇွန်လ ၇ ရက် ဒီနေ့မနက်က ပြန်လည်လွတ်မြောက်လာတယ်လို့ သားဖြစ်သူ မင်းမော်ကွန်းနဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဟောင်းတစ်ဦးဖြစ်သူ ဦးဇင်ဝိုင်းကို အကြမ်းဖက်စစ်အုပ်စုက ပုဒ်မ ၅၀၅-က နဲ့ ပြီးခဲ့တဲ့  ဧပြီလ  ၁၂ ရက်နေ့က ရန်ကုန်မြို့ရှိ သူ့ရဲ့ နေအိမ်မှာ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ဦးဇင်ဝိုင်းရဲ့ သားဖြစ်သူ အကယ်ဒမီ မင်းမော်ကွန်းကိုလည်း  နွေဦးတော်လှန်ရေးမှာ ပြည်သူနဲ့ အတူရပ်တည်ခဲ့တာကြောင့်  အကြမ်းဖက်စစ်အုပ်စုက  ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားပါတယ်။ 

သရုပ်ဆောင် ခန့်စည်သူက အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားတဲ့  မြန်မာရုပ်ရှင်အစည်းအရုံး ယာယီဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်လိုခြင်းမရှိတော့လို့ တာဝန်မှပြန်ရုပ်သိမ်းပေးဖို့  ဒီနေ့ရက်စွဲနဲ့ အစည်းအရုံး နာယကတွေထံ အကြောင်းကြားစာပို့လာပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက ခန့်စည်သူကို ရုပ်ရှင်အစည်းအရုံးရဲ့ ယာယီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ကြောင်း စာထွက်လာပြီးနောက်ပိုင်းမှာ အလွှာအသီးသီးက သရုပ်ဆောင်အများအပြား ရုပ်ရှင်အစည်းအရုံးကနေ နုတ်ထွက်ခဲ့ကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် သရုပ်ဆောင် ခန့်စည်သူကို ခန့်အပ်လိုက်တယ်လို့ ဇွန် ၄ ရက် နေ့စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတော်အာဏာကို စစ်တပ်က လက်နက်အားကိုးနဲ့ တရားမဝင်သိမ်းယူလိုက်ပြီးနောက် နာမည်ကြီး အနုပညာရှင်တွေအတော်များများ ဖမ်းဆီးထိန်းသိမ်းခံရတာတွေ၊ တရားစွဲခံရာနဲ့ ဖမ်းဝရမ်းထုတ်ခံရသူတွေ ရာနဲ့ချီ ရှိနေပါတယ်။

အဲဒီထဲမှာ ထင်ရှားသူတွေကတော့ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ မေတိုးခိုင်၊ ပိုင်တံခွန်၊ ရဲတိုက်စတဲ့ အနုပညာရှင်တွေ ပါဝင်ပြီး သူတို့ကို ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆို အင်းစိန်ထောင်မှာ ဖမ်းဆီးထားပါတယ်။

3 mins Ago

June 4, 2021

အကြမ်းဖက်စစ်အုပ်စုဩဇာခံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ခန့်စည်သူကို ခန့်အပ်

အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် သရုပ်ဆောင် ခန့်စည်သူကို ခန့်အပ်လိုက်တယ်လို့ ဇွန် ၄ ရက် နေ့စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ အမှုဆောင်သစ်တွေ ရွေးချယ်တင်မြှောက်ဖို့အတွက် ရွေးကောက်ပွဲကော်မရှင်ကို နာယကကြီးတွေနဲ့ ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ အမှုဆောင်အသစ်ကို ရွေးကောက်တင်မြှောက်ပြီးစီးတဲ့ အချိန်အထိ အရင်အမှုဆောင်တွေကပဲလုပ်ငန်းတာဝန်တွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့  ထုတ်ပြန်ချက်မှာ  ဖော်ပြပါတယ်။

လတ်တလော အမှုဆောင်အဖွဲ့မှာ လစ်လပ်နေတဲ့ ဥက္ကဋ္ဌတာဝန်ကိုတော့ နာယက ကြီးတွေရဲ့ကွပ်ကဲမှုနဲ့ လက်ရှိအမှုဆောင်တွေထဲက ဆောင်ရွက်နိုင်မယ့်သူတွေကို ဆန္ဒပြု ရွေးချယ်ခဲ့ရာမှာ ခန့်စည်သူကို အမှုဆောင်တွေအားလုံးက ရွေးချယ်တင်မြှောက်ခဲ့ကြ တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အာဏာကို စစ်တပ်က လက်နက်အားကိုးနဲ့ တရာမဝင်သိမ်းယူလိုက်ပြီးနောက် နာမည်ကြီး အနုပညာရှင်တွေအတော်များများ ဖမ်းဆီးထိန်းသိမ်းခံရတာတွေ၊ တရားစွဲခံရာနဲ့ ဖမ်းဝရမ်းထုတ်ခံရသူတွေ ရာနဲ့ချီ ရှိနေပါတယ်။

အဲဒီထဲမှာ ထင်ရှားသူတွေကတော့ ဇင်ဝိုင်း၊ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ မေတိုးခိုင်၊ ပိုင်တံခွန်၊ ရဲတိုက်စတဲ့ အနုပညာရှင်တွေ ပါဝင်ပြီး သူတို့ကို ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆို အင်းစိန်ထောင်မှာ ဖမ်းဆီးထားပါတယ်။

3 days Ago
Up