close

ခန္တီးမြို့နယ်

close

January 8, 2022

ခန္တီးမြို့နယ်တွင် ဗုံးကွဲပြီး ၁ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ နန်းစီပွန်ဒေသမှာ ဇန်နဝါရီ ၈ ရက်က ဗုံးပေါက်ကွဲဖြစ်ပွားပြီး လူ ၁ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ဒီမနက် ၂ နာရီလောက်က ဗုံးပေါက်တယ်။ ပြည့်ဖြိုးမွန်စတိုးမှာ ဗုံးပေါက်ကွဲတယ်။ အဲဒီဆိုင်က တစ်ယောက်တော့ ထိခိုက်သွားတယ်။ မစိုးရိမ်ရဘူး” လို့  နန်းစီပွန်ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဗုံးပေါက်ကွဲနောက် မကြာခင်မှာပဲ စစ်ကောင်စီတပ်ဖွဲ့တွေရောက်လာပြီး လူငယ် တယောက်ကို    PDF နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဖမ်းဆီးသွားပါတယ်။

နန်းစီးပွန်ဗုံးပေါက်ကွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ ၂၂ ရက်ကလည်း ခန္တီးမြို့နယ်၊ နန်းစီပွန်ရဲစခန်းကို KIAက ဝင်ရောက်စီးနင်းခဲ့ပါတယ်။ 

6 mins Ago

June 1, 2021

ခန္တီးမြို့နယ်၌ အခြေခံပညာကျောင်းအပ်သူ ၄ ပုံ ၁ ပုံသာရှိ

စစ်ကိုင်းတိုင်း ခန္တီးမြို့က အခြေခံပညာကျောင်းတွေမှာ  ကျောင်းစအပ်လက်ခံတဲ့  မေလ ၂၄ ရက်နေ့ကနေ မေလ ၃၁ ရက် နောက်ဆုံးနေ့အထိ ကျောင်းလာအပ်တဲ့ ကျောင်းသူကျောင်းသား  ၂၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

အခုခန္တီးမြို့နယ် အခြေခံပညာကျောင်းတွေမှာ သူငယ်တန်းကနေ အထက်တန်းထိ ကျောင်းလာအပ်သူ ၂၀၀၀ ကျော် အမှန်တကယ်ရှိတဲ့ ကျောင်းသားဦးရေရဲ့ ၄ ပုံ ၁ ပုံသာရှိတာ ဖြစ်ပါတယ်။

ခန္တီးတစ်မြို့နယ်လုံးမှာ ကျောင်းသားဦးရေ  ၈၀၀၀  ကျော်ရှိတယ်လို့ ခန္တီးမြို့ ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ခန္တီးမြို့မှာ အခြခံပညာကျောင်းပေါင်း ၉၂ ကျောင်းရှိပြီး ဆရာ/ဆရာမတွေနဲ့ ရုံးဝန်းထမ်း ၅၉၁ ယောက်ရှိရာမှာ  CDM ပြုလုပ်တဲ့ ဆရာ ဆရာမ ၂၀၀ကျော်ရှိပါတယ်။

7 months Ago
Up