close

ခန္တီးမြို့

close

May 6, 2023

ခန္တီးမြို့တွင် ဖုန်းဆိုင်ပိုင်ရှင် လင်မယား သေနတ်ဖြင့် ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း ခန္တီးမြို့၊ ပေါမိုင်းရပ်ကွက်ရှိ ကျော်ထက်ရှိန် ဖုန်းဆိုင်ပိုင်ရှင်လင်မယား ၂ ယောက်ကို မေ ၅ ရက် ည‌နေမှာ အမည်မသိလူတစ်စုက ဆိုင်ကယ် ၁ စီးနဲ့ ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်ရာ ဇနီးဖြစ်သူ ကျည်ထိမှန်ဒဏ်ရာရပြီး အမျိုးသားက လွတ်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ခံအမျိုးသားတဦးက "အထက်တန်းကျောင်းရှေ့က ဖုန်းဆိုင် ပိုင်ရှင်ကို သေနတ်နဲ့ ပစ်သွားတာ၊ သူ့မိန်းမကို ထိသွားတာ၊ သူက လွတ်သွားတယ်တဲ့။ ဘယ်သူတွေက ပစ်တယ်ဆိုတာတော့ မသိဘူး" လို့ ပြောပါတယ်။

ပစ်ခတ်ခံရပြီးနောက် လက်မောင်း ကျည်ထိမှန်ထားတဲ့ အမျိုးသမီးအား ခန္တီးတပ်ဆေးရုံးကို ပို့ဆောင်ရာခဲ့ပြီးနောက် ပြည်သူ့ဆေးရုံးကို ပြန်ပို့ခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

တော်လှန်ရေးနဲ့ နီးစပ်သူ တဦးက "အခုက ဘယ်လိုဖြစ်နေလည်းဆို လုံခြုံရေးတွေ၊ ကင်းတွေ မြို့ဝင် မြို့ထွက်မှာ ဂိတ်တွေရှိပြီး ထင်သာမြင်သာရှိတဲ့အချိန်မှာ သေနတ်နဲ့ပစ်တာ၊ ဗုံးနဲ့ပစ်တာတွေ လုပ်နေတာ စဉ်းစားစရာပဲ" လို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ခန္တီးမြို့အတွင်း ပိတ်ဆို့ကာ ဧည့်စာရင်းလိုက်လံ စစ်ဆေးနေပြီး ညမထွက်ရ အမိန့်နဲ့ မသင်္ကာရင် ပစ်ဖို့ ပစ်မိန့်ပါ ပေးထားတယ်လို့  မြို့ခံတွေက ပြောပါတယ်။

2 mins Ago

December 19, 2022

ခန္တီးမြို့က ရဲတပ်‌သားတဦးအား စစ်‌‌ကောင်‌စီ ဖမ်းဆီး

စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းက ခန္တီးမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် တပ်သား တယောက်ကို လက်နက်ရောင်းဝယ်ရာမှာ ပတ်သက်တယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီး သွားတယ်လို့ ရဲစခန်းအသိုင်းအဝိုင်းနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

ဒီဇင်ဘာ ၁၅ ရက် နေ့လယ်ပိုင်းက လက်နက်ခဲယမ်းတွေနဲ့အတူ လူတချို့ဖမ်းဆီးရမိပြီးနောက်မှာ ရဲတပ်သား ယောဟန်ကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ခန္တီးမြို့မရဲစခန်းက ရဲတပ်‌သား တဦးက‌  “မ‌နေ့ည‌နေပိုင်းမှာ စစ်‌‌ကောင်‌စီတပ်‌‌တွေက ခန္တီးမြို့မ ရဲစခန်းက ရဲ ၁ ဦးကို လာဖမ်းတယ်‌။ ပြီးခဲ့ရက်‌က ဟုမ္မလင်းမြို့နယ်ထဲမှာ လက်‌နက်‌‌တွေ ဖမ်းမိတာ ရှိတယ်။ အဲဒီကွင်းဆက်‌က‌နေ လာဖမ်းတယ်။ သူက လက်‌နက်‌‌ရောင်းပေးတယ်‌ဆိုပြီး ဖမ်းသွားတယ်‌” လို့ ပြောပါတယ်‌။

အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက "ဆင်သေရွာက‌နေ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု နဲ့ ခဲယမ်းတွေ ဖမ်းဆီးရမိတယ်" လို့  ပြောပါတယ်။

လတ်တလော ခန္တီးမြို့က ရပ်ကွက်တွေထဲကို အိမ်ထောင်စုဇယားနဲ့ မိသားစုလူဦးရေ တိုက်ဆိုင် စစ်‌ဆေးကာ ဧည့်စာရင်းစစ်သလို တအိမ်တက်ဆင်း ဓာတ်ပုံပြပြီး လိုက်လံရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဒါ့အပြင် ခန္တီးမြို့ အဝင်အထွက်၊ ရေလမ်းကုန်လမ်းအဝင်အထွက်တွေကိုလည်း တားဆီးပိတ်ဆို့ စစ်ဆေးနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

5 months Ago
Up