close

ခမရ ၃၂၁

close

July 9, 2021

ဝိုင်းမော်အခြေစိုက် ခမရ ၃၂၁ တပ်ကို ကေအိုင်အေက ပစ်ခတ်တိုက်ခိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ နယ်မြေခံတပ်ရင်းတစ်ခုဖြစ်တဲ့ ရွှေညောင်ပင်ကျေးရွာအခြေစိုက် ခမရ ၃၂၁ တပ်ကို ဇူလိုင် ၈  ရက် ည ၈ နာရီလောက်က   ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေက  ပထမဆုံးအကြိမ် ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

“လက်နက်ကြီးတွေနဲ့ တပ်ထဲကို ပစ်ထည့်တာ  ၁၀ ချက်မကဘူး။ ခဏကြာတော့ ၃၂၁ တပ်ကနေ သေနတ်ပစ်သံတွေ ကြားရတယ်”လို့ တိုက်ပွဲဖြစ်ရာနေရာနဲ့  ‌နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါဟာ ဝိုင်းမော်မြို့ကနေ ၁၃ မိုင်အကွာ   ရွှေညောင်ပင်ကျေးရွာ အခြေစိုက် ခမရ ၃၂၁ တပ်ကို စစ်အာဏာသိမ်းပြီးနောက် ကေအိုင်အေ တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၃ က ပထမဆုံးအကြိမ် ၀င်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး  မကြားသိရ သေးပါဘူး။

အခုတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီလက်အောက်ခံ ခမရ ၃၂၁ တပ်ဟာ မြစ်ကြီးနား-ဗန်းမော် လမ်းမ ပေါ် တည်ရှိကာ စစ်‌အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရှောင်ပြည်သူတွေကို သွားရောက်ကူညီခဲ့ကြတဲ့ ဆရာ၀န်တွေ၊ ပရဟိတ လူငယ်တွေကို  စစ်ဆေးဖမ်းဆီးခဲ့တဲ့ တပ်ရင်းဖြစ်ပါတယ်။

5 mins Ago
Up