close

ခမာနှစ်သစ်ကူးပွဲ

close

April 3, 2023

ခမာနှစ်သစ်ကူးပွဲ ကမ္ဘောဒီယား၌ နွားလှည်းပြိုင်ပွဲ ကျင်းပ

ဧပြီလလယ်မှာ ကျင်းပမယ့် ခမာနှစ်သစ်ကူးပွဲတော်ရဲ့ တစိတ်တပိုင်းအနေနဲ့ ကမ္ဘောဒီးယားနိုင်ငံ ကမ်ပုံစပူပြည်နယ်မှာ နှစ်စဉ်ကျင်းပနေကျ နွားလှည်းပြိုင်ပွဲကို ဧပြီ ၂ ရက်က ကျင်းပခဲ့ပါတယ်။

ဒီပွဲဟာ ရှေးခမာယဉ်ကျေးမှုဖြစ်တဲ့ နွားလှည်းတွေကို ထိန်းသိမ်းဖို့နဲ့ နွားစာကျွေးဖို့ လိုအပ်ချက်ကို ဒေသခံတွေကို သတိပေးနေတယ်လို့ မကြာခဏ ပါဝင်ယှဉ်ပြိုင် အနိုင်ရနေကျ အသက် ၃၂ ​​နှစ် အရွယ် နွားလှည်းမောင်းသူ ရွှမ်ဗစ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 

ဒီပွဲကို ကမ္ဘောဒီးယားလူငယ်အသင်းချုပ်နဲ့ ခရိုင်နွားအသင်းတွေ ပူးပေါင်းပြီး ခရိုင်ယဉ်ကျေးမှု ဦးစီးဌာနက ကမ်ပုံစပူပြည်နယ် မန်းမြို့  ရိုခါသွန်မ် မြို့နယ်မှာ ကျင်းပခဲ့တာပါ။

ခုနှစ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ၃၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြည်တွင်းပြည်ပ  အားကစား ဝါသနာရှင် တွေသာမက ပြည်ပခရီးသွားတွေပါ လာရောက်အားပေးခဲ့ကြပါတယ်။ 

နွားလှည်းတွေရဲ့ အလှကို စွဲငြိ နေတဲ့ အသက် ၁၇ နှစ်အရွယ် ဒေသခံ နော်စရီနင်က “နောင်မှာ မျိုးဆက်သစ်တွေ သင်ယူနိုင်ဖို့ ရှေးရှေးကတည်း က ခမာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေပါလို့ ပြောပါတယ်။

လှည်းတွေကို ကမ္ဘောဒီးယားနိုင်ငံအတွင်း ပွဲတော် အများအပြားမှာ သမိုင်းဝင်အသုံးပြုခဲ့ပါတယ်။ ဗုဒ္ဓဘာသာ ကထိန်ပွဲနဲ့ မင်္ဂလာဆောင်တွေ အပါအဝင် ကုန်စည် နဲ့ လူတွေကို သယ်ဆောင်ဖို့ အဓိက သုံးခဲ့ကြပါတယ်။ 

နောက်ပိုင်းမှာတော့ ရှေးထုံးတမ်းစဉ်လာတွေကို ထိန်းသိမ်းဖို့နဲ့ အောက်မေ့သတိရဖို့ နွားလှည်း ပြိုင်ပွဲတွေကို စတင်အသုံးပြုလာကြပါတယ်။

ဒီနှစ်မှာ ပထမဆုရှင် ဝီချတ်ဟာ အမေရိကန်ဒေါ်လာ ၂၉၇ ဒေါ်လာနဲ့ ညီမျှတဲ့ ခမာရီယယ်ငွေ ၁ ဒသမ  ၂ သန်းကို ဆွတ်ခူး ရရှိခဲ့ပါတယ်။ 

8 mins Ago
Up