close

ခရစ္စမတ်ရာသီပွဲ

close

November 22, 2022

ပြင်သစ်မြို့တော် ပါရီတွင် ခရစ္စမတ်ရာသီပွဲ စတင်

ပြင်သစ်မြို့တော် ပါရီမြို့က ထင်ရှားကျော်ကြားတဲ့ ရှောင်ဇေလီဇေလမ်းမကြီးမှာ ကမ္ဘာ့စွမ်းအင်အကျပ်အတည်းကြားက  သူ့ရဲ့ ရိုးရာမပျက် ခရစ္စမတ်ရာသီပွဲတော်ကို  နိုဝင်ဘာ ၂၀ ရက် ညမှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ 

ပါရီမြို့တော်ဝန်နဲ့ ဆီဇာဆုရှင်သရုပ်ဆောင် တာဟာရာဟင်းမ်တို့ဟာ လျှပ်စစ်ဓာတ်အား လျော့နည်းစေဖို့ ချိန်ညှိထားရေး တာဝန်ရှိသူတွေက ပြောကြားခဲ့ပြီး မီးအလင်းရောင်စဖွင့်ဖို့ ခလုတ်ကို နှိပ်ခဲ့ကာ ပွဲတော်ကို ဖွင့်လှစ်လိုက်တာပါ။

ဥရောပနိုင်ငံအများစုမှာ မီးအား နည်းပါးလာပြီး စွမ်းအင်ပိုမိုသက်သာစေဖို့ ညဘက်မှာ မီးပိတ်သွားမှာပါ။

စွမ်းအင်အသုံးပြုမှုကို ထိန်းချုပ်ဖို့ အစိုးရရဲ့တိုက်တွန်းချက်နဲ့အညီ  ပါရီမြို့ခံ အိမ်ထောင်စုတွေအနေနဲ့လည်း စည်းလုံးညီညွတ်မှုကို ပြသတဲ့အနေနဲ့ ဆိုင်ခန်းတွေ မီးပိတ်ထားမှာ ဖြစ်ပါတယ်။

2 mins Ago
Up