close

ခရစ္စမတ်အလွန်

close

October 20, 2022

ခရစ္စမတ်အလွန် အာဆင်နယ်အမှတ်ပေးဇယားအောက်ပြန်ဆင်းလိမ့်မည်ဟု ဂျာမိန်းပင်နန့် သုံးသပ်

အာဆင်နယ်အသင်းအနေနဲ့ ဒီဇင်ဘာ ခရစ္စမတ်ပွဲကျပ်ကာလအလွန်မှာ အမှတ်ပေးဇယားအောက်ကို ပြန်ဆင်း လိမ့်မယ်လို့ ကစားသမားဟောင်း ဂျာမိန်းပင်နန့်က သုံးသပ်ပါတယ်။

အာဆင်နယ်ဟာ လက်ရှိအချိန်မှာ ပရီးမီးယာလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာက မန်စီးတီးကို ၄ မှတ်ဖြတ်ထားတာပါ။

TalkSPORT နဲ့ အင်တာဗျူးတစ်ခုမှာ အာဆင်နယ်ကစားသမားဟောင်းဖြစ်သူ ပင်နန့်က အသင်းဟောင်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သုံးသပ်သွားခဲ့တာပါ။ အာဆင်နယ်ကစားသမားဟောင်း တစ်ဦးဖြစ်လို့ ဒီလိုသုံးသပ်ရတာက ဝေဖန်စရာဖြစ်နေမှာ ဖြစ်ပေမယ့် ခရစ္စမတ်ကာလအထိ လက်ရှိ ခြေစွမ်းကို ထိန်းသိမ်းနိုင်မှာမဟုတ်ကြောင်း ဂျာမိန်းပင်နန့်က ပြောပါတယ်။

အာဆင်နယ်အနေနဲ့ ဒီဇင်ဘာ ပွဲကျပ်ကာလမှာ ရလဒ်ကောင်းတွေကို ဆက်လက်ထိန်းသိမ်းဖို့ မဖြစ်နိုင်ဘဲ အလွယ်တကူပဲ ခြေချော်လက်ချော်ဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးကနေ ဖယ်ပေးရမှာဖြစ်ကြောင်း ပင်နန့်ကသုံးသပ် သွားခဲ့ပါတယ်။

4 mins Ago
Up