close

ခရစ်ပ်တိုငွေကြေး

close

March 3, 2022

အီးယူက ရုရှားအပေါ် ခရစ်ပ်တိုငွေကြေးကဏ္ဍကိုပါ ထည့်သွင်း ဒဏ်ခတ်ပိတ်ဆို့မည်

ဥရောပသမဂ္ဂ (အီးယူ) က ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့ရာမှာ ခရစ်ပ်တိုငွေကြေး ကဏ္ဍတွေကိုပါ ထည့်သွင်း ဒဏ်ခတ်မယ်လို့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ဘရူနို လေမည်းက မတ်လ ၂ ရက်မှာ ပြောလိုက်ပါတယ်။

ယူကရိန်းနိုင်ငံအပေါ် ရုရှားအစိုးရရဲ့ ရန်လိုမှုအတွက် တတ်နိုင်သမျှ အကုန်အကျများအောင် လုပ်တာလို့လည်း ပြောပါတယ်။

ဥရောပသမဂ္ဂ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ခုလို ပြောလိုက်တာပါ။

ရုရှားအပေါ် ဒဏ်ခတ်တာဟာ အင်မတန်ထိရောက်ပြီး ရုရှား ဘဏ္ဍာရေးစနစ်ကို ဖရိုဖရဲ ဖြစ်စေခဲ့တယ်၊ ရုရှားဗဟိုဘဏ်အနေနဲ့ ရူဘယ်ငွေတန်ဖိုးကို ကာကွယ်နိုင်စွမ်း တုံ့ဆိုင်း ရပ်တန့်သွားခဲ့တယ်လို့လည်း သူက ပြောခဲ့ပါတယ်။

2 mins Ago
Up