close

ခရာမာတော်ခ်မြို့

close

April 9, 2022

ခရာမာတော်ခ်မြို့ ဘူတာရုံ ရုရှားဒုံးကျည်ထိမှန်၊ အရပ်သား ၃၉ ဦး သေဆုံး

ယူကရိန်းအရှေ့ဘက် ခရာမာတော့ခ်မြို့ရှိ စစ်ဘေးရှောင်အများအပြား ခိုလှုံနေတဲ့ ရထားဘူတာရုံ တခုကို ဧပြီ ၈ ရက်နေ့က ရုရှားဒုံးကျည် ၂ ခု ထိမှန်ခဲ့တာကြောင့် လူ  ၃၉ သေဆုံးပြီး ၈၇ ဦး ဒဏ်ရာရသွားပါတယ်။

ဒွန်းညက်စ်ဒေသ အုပ်ချုပ်ရေးမှုး ပါလိုကီရာလန်ကိုက အရပ်အသားအများအပြား ခိုလှုံနေတဲ့ ဘူတာရုံကို ရုရှားက ဒုံးကျည်နှစ်စင်းနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခဲ့ပြီး ဒဏ်ရာရသူတွေလည်း ပြင်းထန်တယ်လို့ ပြောပါတယ်။

ဒုံးကျည်ပေါက်ကွဲမှုကြောင့် ဘူတာရုံ အပြင်ဘက် ကြမ်းပြင်ပေါ်မှာတော့ သေဆုံးသူတွေရဲ့ ပိုင်ဆိုင်ပစ္စည်းတွေ ပြန့်ကျဲနေပြီး ဘူတာရုံမှာ ရပ်ထားတဲ့ကားတွေ မီးကျွမ်းသွားပါတယ်။

သမ္မတဇလန်းစကီးက “အဲဒါ သာမန်ဘူတာရုံလေးပါ၊ အရပ်သားတွေချည်း ရှိတာ၊ စစ်သားတယောက်မှ မရှိဘူး၊ သက်သက် ယုတ်မာတာ” လို့ ဖင်လန်ပါလီမန်ကိုပြောတဲ့ မိန့်ခွန်းမှာ ထည့်ပြောပါတယ်။

ရုရှားကာကွယ်ရေးဌာနကတော့ ယူကရိန်းစစ်သားတွေ အဲဒီမှာ တပ်စွဲထားလို့ ပစ်တာပါလို့ အကြောင်းပြပါတယ်။

3 mins Ago
Up