close

ခရိုင်ရဲမှူး

close

July 5, 2021

သရက်မြို့တွင် ခရိုင်ရဲမှူးအပါအဝင် အယောက် ၄၀ ကိုဗစ်-၁၉ ကူးစက်ခံနေရ

မကွေးတိုင်း၊ သရက်မြို့နယ်မှာ ခရိုင်အဆင့်ရဲမှူး ၁ ဦး အပါအဝင် လူ အယောက် ၄၀ ကိုဗစ်-၁၉ ကူးစက်ခံရပြီး ဒီကနေ့ ဇူလိုင် ၅ ရက်ကစတင်ကာ ‌မြို့တွင်း ဆေးဆိုင်နဲ့ စားသောက်ကုန်ဆိုင်တွေက လွဲပြီး ကျန်တဲ့ဆိုင်တွေ ယာယီပိတ်ထားဖို့ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်မှ  ဇူလိုင် ၄ ရက်အထိ ၁၀ ရက်အတွင်း လူနာ အယောက်  ၄၀ ကိုဗစ်-၁၉ ကူးစက်ခံရပြီး ခရိုင်အဆင့် ရဲမှူးကြီး ၁ ဦးနဲ့ ဒုရဲမှူးအမျိုးသမီး ၁ ဦးတို့ ပါကူးစက်ခံထားရတယ်လို့ သိရပါတယ်။

သရက်မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌ  ဦးခင်မောင်စိုးက “ကုန်မာဆိုင်၊ ဖုန်းဆိုင်၊ စတိုးဆိုင်တွေကို ယာယီပိတ်မယ်။ မရှိမဖြစ် ဆေးဆိုင်လိုမျိုးပဲဖွင့်ဖို့၊ စားသောက်ဆိုင်တွေ ပါဆယ်ရောင်းဖို့ အခုအစည်းအဝေးမှာ ဆုံးဖြတ်တယ်” လို့ ပြောပါတယ်။

သရက်ခရိုင် ၆ မြို့နယ်မှာ မင်းလှနဲ့ ဆင်ပေါင်ဝဲမြို့နယ်‌တွေမှာတော့ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှု မရှိသေးဘဲ၊ မင်းတုန်းမြို့ကတော့ ၉ ရက်အတွင်း ၇၁ ဦးအထိရှိပါတယ်။

ခရိုင်းအတွင်း ကူးစက်မှုနှုန်းအများဆုံးကတော့  သရက်မြို့နယ်မှာ အယောက် ၄၀ ၊ ကံမမြို့နယ် ၅ ဦးနဲ့ အောင်လံမြို့နယ်မှာ ၁၀ ဦး ကူးစက်ခံထားရကြောင်း သိရပါတယ်။

7 mins Ago
Up