နေးရှင်းလိဂ် ဘောလုံးပြိုင်ပွဲရဲ့ အုပ်စု (A) အဖွင့်ပွဲစဉ်တွေကို ဒီကနေ့မနက်ပိုင်း ယှဉ်ပြိုင်ခဲ့ရာမှာ ပြင်သစ်၊ ဘယ်လ်ဂျီယံနဲ့ ခရိုအေးရှားအသင်းတို့ဟာ အိမ်ကွင်းတွေမှာ အသီးသီး ရှုံးပွဲတွေ့ကြုံခဲ့ရပါတယ်။
ပြင်သစ်အသင်းက ဒိန်းမတ်အသင်းနဲ့ ပဲရစ်မြေမှာကစားခဲ့ရပြီး ဘင်ဇီမာရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ဒိန်းမတ်အသင်းက လူစားဝင် တိုက်စစ်မှူး ကော်နေးလိယက်စ်က ၆၈ မိနစ်နဲ့ ၈၈ မိနစ်တွေမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းယူခဲ့တာပါ။
အလားတူ ဘယ်လ်ဂျီယံအသင်းဟာလည်း ဘရက်စ်ဆဲလ်မှာ ဟော်လန်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။
ဟော်လန်ဘက်က ဘက်ချ်ဝင်နဲ့ ဒမ်ဖရိုင်းစ်တို့က၁ ဂိုးစီ၊ ဒီပေးက ၂ ဂိုးသွင်းခဲ့ပြီး ဘတ်ရူအာယီက ပွဲပြီးခါနီးမှာ နှစ်သိမ့် ချေပဂိုးတစ်ဂိုးပြန်သွင်းခဲ့တာပါ။
ဒါ့အပြင် ခရိုအေးရှား အသင်းကလည်းအိမ်ကွင်း အော်စီဂျက်ခ်မှာ ကစားခဲ့ရပေမယ့် သြစတြီးယားကို ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရူံးနိမ့်ခဲ့ပါတယ်။
မန်ယူနည်းပြဟောင်း ရန်းနစ်ဂ်ရဲ့ သြစတြီးယားအသင်းအတွက် အနိုင်ဂိုးတွေကို အာနော်တိုဗစ်၊ ဂရီဂေါရစ်ချ်နဲ့ ဆာဘစ်ဇာတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပွဲစဉ်တွေကို ဇွန်လ၇ ရက်၊ ၁၁ ရက်နဲ့ ၁၄ ရက်တွေမှာ နောက်ထပ် ၃ ပွဲ ဆက်လက် ကစားသွားကြမှာဖြစ်ပါတယ်။